မြန်မာနိုင်ငံ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့ From Wikipedia, the free encyclopedia
အုတ်တွင်းမြို့ သည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အတွင်းရှိ အုတ်တွင်းမြို့နယ်၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ ရန်ကုန်-မန္တလေး မီးရထားလမ်းပေါ်၌တည်ရှိ၍ တောင်ငူမြို့၏ တောင်ဘက် ကိုးမိုင်၊ စစ်တောင်းမြစ် အနောက်ဘက် ၁ ၁/၂ မိုင် အကွာတွင် တည်ရှိလေသည်။
အုတ်တွင်းမြို့ | |
---|---|
မြို့ | |
မြန်မာနိုင်ငံတွင်း တည်နေရာ | |
ကိုဩဒိနိတ်: 18°49′51″N 96°24′37″E | |
နိုင်ငံ | မြန်မာ |
တိုင်းဒေသကြီး | ပဲခူးတိုင်းဒေသကြီး |
ခရိုင် | တောင်ငူ |
မြို့နယ် | အုတ်တွင်းမြို့နယ် |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
အုတ်တွင်းမြို့သည် ရန်ကုန်-မန္တလေး မီးရထားလမ်းမဖောက်မီက မထင်ရှားလှသော ကျေးရွာတစ်ရွာမျှသာဖြစ်သည်။ ထိုမီးရထားလမ်းဖောက်ပြီး နောက်ပိုင်းတွင် စစ်တောင်းမြစ်ကမ်း ပေါ်ရှိ အုန်းပင်ရွာကိုအကြောင်းပြု၍ မြို့တစ်မြို့အဖြစ်သို့ ဖွံ့ဖြိုးတိုးတက်လာသည်။ လယ်ယာစိုက်ပျိုးရေး ဖြစ်ထွန်းသော ဒေသ အတွင်း၌ တည်ရှိသဖြင့် ကျောထောက်နောက်ခံဒေသမှ လယ် ယာထွက်ပစ္စည်းများကို စစ်တောင်းမြစ် တစ်ဘက်ကမ်းမှပင် လှည်းတစ်တန်၊ လှေတစ်တန်ဖြင့် အုတ်တွင်းသို့ပို့၍ အုတ်တွင်း မှတစ်ဆင့် ရန်ကုန်သို့ မီးရထားဖြင့်တင်ပို့ရာ အရောင်းအဝယ် ဖွံ့ဖြိုးသော မြို့ကလေးတစ်မြို့ ဖြစ်လာလေသည်။ ရန်ကုန်- မန္တလေး မော်တော်ကားလမ်းသည်လည်း အုတ်တွင်းမြို့ကို ဖြတ် ကျော်သွားလေသည်။ ယင်းမြို့သည် ထိုမော်တော်ကားလမ်းအား ဖြင့် ရန်ကုန်နှင့် ၁၆၆ မိုင် ဝေးကွာသည်။
အုတ်တွင်းမြို့ပေါ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ မြို့နယ်တရားစီရင်ရေးဆိုင်ရာရုံးများ၊ ပြည်သူ့ရဲ တပ်ဖွဲ့စခန်း၊ မီးသတ်ဦးစီးမှူး ရုံး၊ စာတိုက်နှင့် ကြေးနန်းရုံး၊ ဆောက်လုပ်ရေးဌာန ရုံး၊ ဈေးရုံ၊ အစိုးရ အထက်တန်းကျောင်း စသည်တို့ရှိသည်။ သစ်တောဦးစီးဌာန အကောက်ရုံးလည်းရှိ၍ မြို့ပေါ်နှင့် မြို့၏ ဆင်ခြေဖုံးတွင် သစ်စက်နှင့် ဆန်စက်တို့ရှိသည်။
အုတ်တွင်းမြို့နယ်သည် ယခင်တောင်ငူခရိုင်၏အလယ် ပိုင်းမြို့နယ်တစ်ခုဖြစ်သည်။ ထိုမြို့နယ်သည် ဖြူးနယ်တွင်ပါဝင် ခဲ့၍ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေမှာ ၈၇ယ၆၃၃ ယောက်ဖြစ်လေသည်။ မြို့နယ်၏ အနောက်ဘက်နယ်နိမိတ် သည် ပဲခူးရိုးမဖြစ်၍ မြောက်ဘက်နယ်နိမိတ်သည် တောင်ငူ မြို့နယ်ဖြစ်သည်။ အရှေ့ဘက်တွင် စစ်တောင်းမြစ်သည် အုတ်တွင်းမြို့နယ်နှင့် ထန်းတစ်ပင်မြို့နယ်ကို ပိုင်းခြားထား သည်။
ခရစ်နှစ် ၁၉ဝ၅ ခုနှစ်မတိုင်မီက ယခုအုတ်တွင်း မြို့နယ်သည် ဖြူးမြို့နယ်တွင်ပါဝင်သော နယ်မြေတစ်စိတ် တစ် ဒေသမျှသာဖြစ်သည်။ ထိုစဉ်က ဖြူးမြို့နယ်၏ နယ်မြေသည် အတော်အတန်ကျယ်ဝန်းပေရာ အုပ်ချုပ်ရေးလွယ်ကူစေရန် ဖြူးမြို့နယ်၏ တစ်စိတ်တစ်ဒေသကိုခွဲထုတ်၍ မြို့နယ်သတ်သတ် တစ်ခုအဖြစ် ဖွဲ့စည်းလိုက်ပြီးလျှင် အုတ်တွင်းမြို့ကို မြို့နယ်၏ ရုံးစိုက်အဖြစ် သတ်မှတ်ခဲ့သည်။
ရန်ကုန်-မန္တလေး မီးရထား လမ်းသည် မြို့နယ်၏ အရှေ့ပိုင်းကိုဖြတ်ကျော်သွား၍ မြို့နယ် အတွင်း၌ အုတ်တွင်းအပါအဝင် ဘူတာရုံပေါင်း ငါးရုံရှိသည်။ ရန်ကုန်-မန္တလေး မော်တော်ကားလမ်းသည်လည်း မြို့နယ်ကို ဖြတ်ကျော်သွားရာ မီးရထားလမ်း၏ အနောက်ဘက်ကျသည်။ မြို့နယ်တွင်းသယ်ယူပို့ဆောင်ရေးနှင့် ကူးသန်းသွားလာ ရေးအတွက် မီးရထားလမ်းကို အဓိကထားသည်။ အုတ်တွင်း မြို့နယ်အပါအဝင် တောင်ငူခရိုင်တစ်ခုလုံးသည် မီးရထားလမ်း ဖောက်လုပ်ပြီးသည့် နောက်ပိုင်းမှစ၍ တိုးတက်ဖွံ့ဖြိုးလာသည်။ မီးရထားလမ်း ဖောက်ပြီးနောက်တွင် လယ်ယာစိုက်ပျိုးရေးကို ချဲ့ထွင်လုပ်ကိုင်ခဲ့ကြ၍ အုတ်တွင်းသည် ဆန်စပါးအထွက်များ သော မြို့နယ်တစ်ခုဖြစ်သည်။ ရန်ကုန်-မန္တလေး မော်တော်ကား လမ်းကိုလည်း အသုံးများသည်။ မြို့နယ်ကို တောက်လျှောက် ဖြတ်သန်းသွားသော မီးရထားလမ်းနှင့် မော်တော်ကားလမ်းတို့ အပြင် အုတ်တွင်းမြို့၏အနောက်ဘက် သုံးမိုင်အကွာရှိ ရေသိုး ရွာသို့လည်းကောင်း၊ အုန်းပင်ရွာသို့လည်းကောင်း ကုန်းလမ်း ခရီးပေါက်လေသည်။
မြို့နယ်အတွင်းထင်ရှားသော စေတီတစ်ဆူမှာ တစ်ဖက် ကွေ့အနီးရှိသော ရှင်ပင်ကျောက်ဆောက်စေတီဖြစ်သည်။ စေတီ သမိုင်းအရ ဂေါတမမြတ်စွာဘုရားသခင်နုတော်မူစဉ် ကြက်မင်း ဘဝက နေထိုင်ကျက်စားခဲ့သော အရပ်ဒေသတစ်ခုဖြစ်သည့် ကျောက်ဆောက်အရပ်တွင် သီရိဓမ္မာသောကမင်းကြီးတည်ထား ခဲ့သော စေတီတစ်ဆူဖြစ်သည်ဟု ဆိုကြလေသည်။ အုတ်တွင်းမြို့မှ လေးမိုင်အကွာတွင် အနန်းတောင် တောရဟုခေါ်သော ကမ္မဋ္ဌာန်းရိပ်သာတစ်ခုရှိသည်။ ဝိပဿနာ အားထုတ်ကြသူများဖြင့် စည်ကား၍သာယာချမ်းမြေ့သောရိပ်သာ တစ်ခုဖြစ်လေသည်။[1]
မဟာသီရိ ဇေယျသူရဘွဲ့ခံမင်းကြီးညို သည် ကောဇာသက္ကရာဇ် (၈၇၂)ခုနှစ်တွင် ဒွါရဝတီမြို့ဟောင်းမှ ကေတုမတီမြို့သစ်ကို တည်ထောင်စိုးစံခဲ့ သည်။ မြို့လုံခြုံရေးအတွက် ကုန်းတွင်းပိုင်း ကင်းတပ်စခန်းများ တည်ဆောက်ခဲ့ရာတွင် အုတ်တွင်းမြို့ ယခုလက်ရှိ မြို့လယ်ဓမ္မရက္ခိတကျောင်း ယခင်ဂါတ်တဲကျောင်း အနီးသည်လည်း ကင်းတပ်စခန်းဖြင့် ပါဝင်ခဲ့သည်။ အဆိုပါမြေနေရာသည် ချင်းပြည်နယ်ဘက်မှ နွားကုန်သည်များနှင့် သစ်ကုန်သည်များ စခန်းချရာ နေရာလည်းဖြစ်ခဲ့သည်။ သစ်ပင်များ၏ အမြင့်ထက်မှ ငှက်ကလေးများ ဩတင်တွင်းဟု သာယာစွာမြည်သော အသံကို အစွဲပြု၍ အောတတွင်းစခန်းဟု မြန်မာများခေါ်ဝေါ်ခဲ့ကြပြီး ရှမ်းတို့မှ ငှက် အော်စခန်းဟု ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ ထိုမှကာလရွေ့ လျားကာအောတတွင်းမှ အုတ်တွင်းဖြစ်ပေါ်လာသည်ဟု ဆိုကြသည်။
အခြားသော မူကွဲတစ်ခုမှာ အထက်အညာဒေသမှ ကုန်သည်များ အောက်အရပ်သို့ ကုန်ကူး သန်းသွားလာရာတွင် ဦးစွာကြက်သွန်ခင်းဟု အမည်ရှိသောအရပ်တွင် စခန်းချရာမှ ထိုထက် ကောင်းမွန်သောနေရာကို ရှာဖွေကြရာ ယခုမဲကုန်းရပ် ဦးမင်းစိန်ဆီစက်ခြံလောက်တွင် အုတ်ရေတွင်း တစ်ခုကို တွေ့ရှိခဲ့ကြသည်။ အုတ်ရေတွင်းကို အစွဲပြု၍ အုတ်တွင်းဟုခေါ်ကြောင်း သိရှိရသည်။ ကထိကဦးစိန်လွင်လေး ကေတုမတီတောင်ငူ ရာဇဝင်အရ တောင်ငူဘုရင် မင်းကြီးညိုလက်ထက်တော် ခရစ်သက္ကရာဇ် ၁၅၁၁ ခုနှစ်တွင် တီကိုးတီ၊ ကုန်းကိုးကုန်းဟူ၍ တည်ရှိခဲ့ကြောင်း၊ တီကိုးတီတို့ကို ထည့်သွင်းထားခဲ့သဖြင့် အုတ်တွင်းမြို့ ကင်းတပ်စခန်းရှိသည့် အချိန်တွင် ကျွဲပွဲမြို့၏ အရှေ့ဘက် စစ်တောင်းမြစ်ကမ်းဘေးရှိ မြို့စိုးအရပ်သည် မြို့အဖြစ်တည်ရှိ စည်ကားခဲ့ကြောင်း သိရှိရသည်။ အောက်မြန်မာနိုင်ငံ ဗြိတိသျှတို့ မသိမ်းပိုက်မီက (၁၈၈၅) ခုနှစ်မတိုင်မီ ရေဆင်းမကောင်းသော ညွှန်တောကြီးအဖြစ်တည်ရှိခဲ့သည်။ ရန်ကုန်-မန္တလေးရထားလမ်းကားလမ်းမဖြစ်မီ အခြေအနေအရ လက်ရှိအုတ်တွင်းမြို့၊ မဲကုန်းရပ်တွင်သာ လူနေထိုင်လျက်ရှိပြီး မဲပင်များပေါက်ရာဒေသဖြစ် သဖြင့် မဲကုန်းဟုတွင်သည် ကျန်နေရာများမှာ လယ်စောင့်တဲများအဖြစ်သာရှိပြီး ကသစ်ပင်များ ပေါက်ရာ အရပ်ကို ကသစ်တန်းဟုလည်းကောင်း၊ တရုတ်လူမျိုးများကြက်သွန်စိုက်ရာအရပ်ကို ကြက်သွန်ခင်း ဟုလည်းကောင်း၊ ယခုမဲကုန်းရပ်ကွက်တွင် တူးသူမဲ့အုတ်ရေတွင်းတစ်ခုရှိသည်ကို အစွဲပြု၍ အုတ်ရေ တွင်းဟုခေါ်ရာမှ အုတ်တွင်းဖြစ်လာကြောင်းသိရှိရသည်။
အုတ်တွင်းမြို့တွင် ပါဝင်သည့် ညောင်ခြေထောက်၊ အုတ်တွင်း၊ ကျွဲပွဲမြို့များသည် (၁၈၉၈)ခုနှစ် မြန်မာနိုင်ငံတော်အောက်ပိုင်း မြို့ရွာရှိ မြေယာအက်ဥပဒေ(The Lawyer Burma Town and Village Lands Act 1898)အရ မြို့အဖြစ်ကြေညာရာတွင်ပါဝင်သည်။ (၁၉၀၈)ခုနှစ် ဒီဇင်ဘာ(၂၉)ရက်နေ့တွင် အခွန်တော်ဌာနမှ အမိန့်ကြော်ငြာစာနံပါတ် (၁၀၀)ဖြင့်ထုတ်ပြန်ခဲ့သည်။
ပြည်ထောင်စုဆိုရှယ်လစ်မြန်မာနိုင်ငံတော် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏(၂၄-၆-၁၉၇၂)ခုရက်စွဲပါစာအမှတ်၁၀၃၇၂၅ စိတ်(၁) ဖြင့် အုတ်တွင်းအား မြို့နယ်အဖြစ်လည်းကောင်း၊ (၂၅-၅-၁၉၇၃)ခုနှစ် နေ့စွဲပါစာအမှတ်၊၃/၁၆၇/အထ(၂) ကျေးရွာအုပ်စု(၄၇)အုပ်စုအား ကျေးရွာအုပ်စု အဖြစ် လည်းကောင်း ဖွဲ့စည်းခဲ့သည်။[2]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.