အုန်းဝင်း
ဝန်ကြီးအငြိမ်းစား From Wikipedia, the free encyclopedia
Remove ads
ဦးအုန်းဝင်း သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး အဖြစ် ၂၀၁၆ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
Remove ads
ပညာရေး
ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ သစ်တောဘာသာရပ်ဖြင့် B.Scဘွဲ့ရရှိခဲ့သည်။ ဖိလစ်ပိုင်တက္ကသိုလ်မှ Ergonomics (ပတ်ဝန်းကျင်၊အခြေအနေ စသည်တို့ကြောင့် လုပ်သားတို့၏ ကုန်ထုတ်စွမ်းအားအတက်အကျရှိပုံကို လေ့လာသည့်ပညာ)ဖြင့် ဒီပလိုမာ၊ အမေရိကန်နိုင်ငံ၊ ကော်လိရာဒိုပြည်နယ်တက္ကသိုလ်မှ ရေအရင်းအမြစ် စီမံခန့်ခွဲမှုဖြင့် မာစတာဘွဲ့ ရရှိခဲ့သည်။[၁]
အလုပ်အကိုင်
ဦးအုန်းဝင်းသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် ၂၀၁၆ခုနှစ် အစိုးရအသစ် ဖွဲ့စည်းချိန်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။[၂]
ဝန်ကြီးအဖြစ် မလုပ်ကိုင်မီက ရေအရင်းအမြစ်စီမံခန့်ခွဲမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်အဖြစ် UNDP အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများနှင့် NGOများတွင် လုပ်ကိုင်ခဲ့သည်။
၂၀၁၁ခုနှစ်မတိုင်မီအထိ ရေဆင်းသစ်တောတက္ကသိုလ်၏ ဒုတိယပါမောက္ခချုပ်အဖြစ် လုပ်ကိုင်ခဲ့သည်။ ထိုမတိုင်မီများက ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၏ စီမံကိန်းနှင့် စာရင်းအင်းဦးစီးဌာနတွင် ညွှန်ကြားရေးမှူး၊ သစ်တောသုတေသနကျောင်းတွင် ညွှန်ကြားရေးမှူး၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ် သစ်တောဦးစီးဌာနများတွင် ညွှန်ကြားရေးမှူး တာဝန်များ ဆောင်ရွက်ခဲ့သည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads