အူဇီ
အစ္စရေးစက်သေနတ်ကလေး အုပ်စု From Wikipedia, the free encyclopedia
Remove ads
အူးဇီ(အစ္စရေးဘာသာဖြင့်= עוזי ) စက်ကလေးသည် ၎င်း၏ သေးငယ် ပေါ့ပါးပြီး ပစ်အား ကောင်းမွန်ခြင်းကြောင့် ကမ္ဘာကျော်ခဲ့ သောသေနတ် ဖြစ်သည်။ အစ္စရေး နိုင်ငံမှ Uziel Gal က ၁၉၄ဝနှောင်းပိုင်း တွင် ဒီဇိုင်း ထုတ်ခဲ့ပြီး ၁၉၄၈တွင် အစ္စရေး ကာကွယ်ရေး ပစ္စည်းစက်ရုံက ထုတ်လုပ်ခဲ့သည်။
Remove ads
နောက်ခံသမိုင်း

အူဇီအား ဗိုလ်ကြီး(နောင်တွင် ဗိုလ်မှူး) Uziel Galမှ ၁၉၄၈ အာရပ်-အစ္စရေး စစ်ပွဲ အပြီးတွင် စတင် ဒီဇိုင်း ဆွဲခဲ့သည်။ ထို့နောက် အရည်အသွေးအား အကဲဖြတ်ရန် အစ္စရေးစစ်တပ်သို့ တင်သွင်းခဲ့ သည်။ အူဇီ၏ ရိုးရှင်းသော ဒီဇိုင်းနှင့် ထုတ်လုပ်မှု စရိတ် သက်သာမှု တို့ကြောင့် အခြားသော ရှေးရိုး ဒီဇိုင်းများအား ကျော်ဖြတ် ရွေးချယ်ခြင်း ခံခဲ့ရသည်။ Galသည် ထိုစက်ကလေးအား သူ၏ အမည် မပေးရန် တောင်းပန်ခဲ့သော်လည်း ပယ်ချခြင်း ခံခဲ့ရသည်။ မကြာမီ ရှေးဦး မော်ဒယ်အား ၁၉၅၁တွင် လက်ခံခဲ့ပြီး ၁၉၅၆မှ စတင်ကာ အသုံးပြုခဲ့ရာ အောင်မြင်မှု များစွာ ရရှိခဲ့သည်။
Remove ads
အစ္စရေးစစ်တပ်တွင်းအသုံးပြုမှု
အစ္စရေးစစ်တပ်တွင် ရှေ့တန်းထွက်ရန် မလိုသော တပ်များ၊ အရာရှိများ၊ အမြှောက်တပ်သားများ၊ တင့်ကားတပ်သားများ အပြင် ရှေ့တန်းရောက် ချေမှုန်းရေး အထူးတပ်ဖွဲ့များ ပါအသုံးပြုသည်။ ၁၉၆ရခု ၆ရက်စစ်ပွဲအတွင်း အူဇီ၏ သေးငယ်ပေါ့ပါးမှု နှင့် ပစ်အားကောင်းမှု တို့ကြောင့် ဂျော်ဒန် တပ်များ၏ ဘန်ကာများနှင့် ဆီးရီးယားတို့၏ ခံစစ်စခန်း များကို ထိရောက်စွာ ဝင်ရောက်ရှင်းလင်း နိုင်ခဲ့သည်။ အစ္စရေးတပ်တွင် ၂၀၀၃ခုနှစ် မှစ၍ အူဇီ အသုံးပြုမှု ရပ်ဆိုင်းလိုက် သော်လည်း ပြည်တွင်း ပြည်ပအသုံးပြုမှု အတွက် ဆက်လက်ထုတ်လုပ် လျက် ရှိသည်။
Remove ads
အူဇီမျိုးကွဲများ
- Mini Uzi
- Carbine
- Micro Uzi
- Micro Uzi Para
- Micro Uzi Pro
- An Uzi submachine gun.
- A Mini-Uzi.
- Uzi with suppressor.
- Uzi with fixed wooden buttstock.
- Uzi and MP 40.
- Uzi used in Israel
- 9mm from Uzi
အသုံးပြုသည့်နိုင်ငံများ
အယ်လ်ဂျီးရီးယား
အင်ဂိုလာ
ဘင်္ဂလားဒေ့ရှ်
ဘယ်လ်ဂျီယမ်
ဘူဂေးရီးယား
ချီလီ
ကိုလံဘီယာ
ကွန်ဂို
ခရိုအေးရှား
ကျူးဘား
တရုတ်
အီကွေဒေါ
အယ်ဆာဗေဒို
အက်စတိုးနီးယား
အီသီယိုးပီးယား
ပြင်သစ်
ဂျာမနီ
ဂရိ
ဂွါတီမာလာ
ဟေတီ
အိန္ဒိယ
အင်ဒိုနီးရှား
အိုင်ယာလန်
အီရန်
အစ္စရေး
မက္ကဆီကို
မြန်မာ
နယ်သာလန်
နီကာရာဂွါ
နိုင်ဂျာ
နိုင်ဂျီးရီးယား
ပါရာဂွေး
ပီရူး
ပေါ်တူဂီ
ဖိလစ်ပိုင်
ရဝမ်ဒါ
တောင်အာဖရိက
သီရိလင်္ကာ
ဆူဒန်
ဆူရာနမ်
ထိုင်ဝမ်
ထိုင်း
တူရကီ
ယူဂန်းဒါး
ယူနိုက်တက်ကင်းဒမ်း
အမေရိကန်
ဥရုဂွေး
ဗင်နီဇွဲလား
ဗီယက်နမ်
Remove ads
အူဇီနှင့်မြန်မာ့တပ်မတော်
မြန်မာနိုင်ငံတွင် IMI၏ တရားဝင် လိုင်စင် ရယူကာ ကာကွယ်ရေး ပစ္စည်း စက်ရုံများ၌ BA 94 စက်ကလေးအမည်ဖြင့် ထုတ်လုပ်သည်။ အူဇီအား အထူးတပ်ဖွဲ့များ အစောင့်တပ်များ နှင့်ကိုယ်ရံတော်တပ်များ တွင်သာ အသုံးပြုလေ့ရှိသည်။ မြန်မာနိူင်ငံရဲတပ်ဝင်အချို့ကိုလည်း တပ်ဆင်ပေးထားသည် ။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads