အောင်ကို (သံအမတ်ကြီး)
မြန်မာနိုင်ငံ သံအမတ်ကြီး From Wikipedia, the free encyclopedia
Remove ads
ဦးအောင်ကို သည် မြန်မာလူမျိုးသံအမတ်ကြီးတစ်ဦး ဖြစ်သည်။[၁] သူသည် ယင်းမတိုင်မီ သမ္မတ ဦးသိန်းစိန် [၂] [၃] နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် [၄] [၅] တို့ နိုင်ငံတကာခေါင်းဆောင်များ နှင့် တွေ့ဆုံမှုများတွင် အနီးကပ်ရှိနေခဲ့သူအဖြစ် ထင်ရှားသည်။သူသည် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ၏ ညွှန်ကြားရေးမှူးချုပ် အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။
Remove ads
ဝန်ထမ်းဘဝ
နိုင်ငံခြားရေးဝန်ကြီးဌာန တွင် တာဝန်အဆင့်ဆင့်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၁၆ခုနှစ် မတ်လ ၁၁ ရက်တွင် တရုတ်နိုင်ငံဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံး၊ နန်နန်းမြို့ ၏ မြန်မာကောင်စစ်ဝန်ချုပ် အဖြစ် ထမ်းဆောင်သည်။[၆] [၇] ယင်းနောက် နိုင်ငံရေးရာဦးစီးဌာန သို့ ပြန်လည် တာဝန်ထမ်းဆောင်ပြီး ထိုဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် အဖြစ်လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် အစမ်းခန့် အဖြစ်လည်းကောင်း တာဝန်ထမ်းသည်။
၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၄ ရက်တွင် နိုင်ငံရေးရာဦးစီးဌာန ၏ ညွှန်ကြားရေးမှူးချုပ် အဖြစ် အတည်ပြုခန့်အပ် ခြင်းခံရသည်။[၈]
Remove ads
သံအမတ်ကြီးဘဝ
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၎င်းအား လာအိုနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် ခန့်အပ်လိုက်၍ သံအမတ်ကြီး ဖြစ်လာခဲ့သည်။[၉] သူသည် လာအိုနိုင်ငံ ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော မြန်မာသံအမတ်ကြီး အဖြစ် ၎င်း၏ခန့်အပ်လွှာ အား ၂၀၂၄ ဖေဖော်ဝါရီ ၅ရက်တွင် လာအိုသမ္မတ ထံသို့ ပေးအပ်ပြီး တရားဝင် စတင်တာဝန်ထမ်းသည်။ [၁၀]
မိသားစုဘဝ
သူသည် အိမ်ထောင်သည် တစ်ဦး ဖြစ်ပြီး ဇနီးဖြစ်သူသည် ဖခင်မှာ မြန်မာနိုင်ငံ၏ ၂၂ဦးမြောက် နိုင်ငံခြားရေးဝန်ကြီးအဖြစ်ထမ်းဆောင်နေသူ ဦးသန်းဆွေ ဖြစ်သည်။[၁၁]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads