အောင်ဇော်သိန်း

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ၏ ဆဌမမြောက် ဥက္ကဋ္ဌ ဖြစ်သည် From Wikipedia, the free encyclopedia

Remove ads

ဦးအောင်ဇော်သိန်း (၁၉၅၇ ဖွား) သည် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ၏ ဆဌမမြောက် ဥက္ကဋ္ဌ ဖြစ်သည်။[]တပ်မတော်သားဟောင်းတစ်ဦးဖြစ်ခဲ့သည့်အပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး အဖြစ်လည်းတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

အချက်တိုများ ဗိုလ်မှူးကြီး (ငြိမ်း) အောင်ဇော်သိန်း, နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ...
Remove ads

ငယ်ဘဝ

သူသည် ရန်ကုန်တက္ကသိုလ် မှ B.A. (Law), LL.B (Rangoon University) ရရှိခဲ့သူဖြစ်သည်။

ဝန်ထမ်းဘဝ

ဥပဒေဘွဲ့ ရရှိပြီးနောက် တပ်မတော်ဗိုလ်သင်တန်းကျောင်းမှတဆင့် စစ်မှုထမ်းသည်။ ယင်းနောက် စစ်ဥပဒေချုပ်ရုံး တွင်တာဝန်ထမ်းဆောင်သည်။ ဗိုလ်မှူးကြီးအဆင့်ဖြင့် ယင်းရုံးတွင်ပင် လက်ထောက် စစ်ဥပဒေချုပ် ရာထူးတာဝန်ယူခဲ့သည်။ ယင်းနောက် စာချုပ်စာတမ်းနှင့် စီမံကိန်းရေးရာဌာနခွဲ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းတွင် ဒု-အထွေထွေ မန်နေဂျာ အဖြစ် ပြောင်းလဲတာဝန်ထမ်းဆောင်ခြင်းလည်းရှိခဲ့သည်။[]

တရားသူကြီးဖြစ်လာပုံ

၂၀၁၁ ဖေဖော်ဝါရီ ၂၂ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က က၎င်းအား ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး တစ်ဦးအဖြစ် ခန့်ထားလိုကြောင်း ထည့်သွင်းကာ အဆိုတင်သွင်းသည်။ ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်ရန်မရှိ အတည်ပြုပေး၍ ၂၀၁၁ မတ်လ ၃၀ရက်ကစပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဖြစ်လာခဲ့သည်။ထိုတာဝန်ကို စစ်အာဏာသိမ်းပြီးသည့် ၂၀၂၁ နောက်ပိုင်း ၂၀၂၃ ဩဂုတ်လ ၃ရက်အထိ တစ်ဆက်တည်း ထမ်းဆောင်ခဲ့သည်။[]

သူသည် တရားလွှတ်တော်ချုပ်တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ဝန်ကြီးအချို့၏ အဂတိအမှုစွပ်စွဲချက်များအား ပယ်ဖျက်ပေးဖို့တောင်းဆိုချက်ကို  ပယ်ချခဲ့ရာတွင် အဓိကဦးဆောင်သူတစ်ဦးဖြစ်ခဲ့သည်။[]

ဖွဲ့စည်းပုံအခြေခံဥပဒေခုရုံးဥက္ကဋ္ဌ

၂၀၂၃ ဩဂုတ် ၃ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဥက္ကဋ္ဌ အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၎င်းအားတာဝန်ပေးခဲ့သည်။[] ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဤရာထူးတွင် ဆက်လက် ခန့်အပ်ခံခဲ့သည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads