ပြည်ထောင်စု လွှတ်တော်

သမ္မတရွေးချယ်ခွင့်ရှိသောလွှတ်တော် From Wikipedia, the free encyclopedia

ပြည်ထောင်စု လွှတ်တော်
Remove ads

ပြည်ထောင်စု လွှတ်တော်သည် ၂၀၀၈ ခုနှစ်တွင် လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သည့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၄)အရ ဖွဲ့စည်း ထူထောင်ထားသည့် ဥပဒေပြု ဌာနဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် ရုံးအဆောက်အဦးမှာ မြို့တော် နေပြည်တော်တွင် တည်ရှိသည်။

အချက်တိုများ Assembly of the Union ပြည်ထောင်စု လွှတ်တော် Pyidaungsu Hluttaw, အမျိုးအစား ...

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော် မှ အာဏာသိမ်းပြီးနောက် ဦးမြင့်ဆွေက ယာယီသမ္မတဟု တာဝန်ယူ၍ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ယာယီသမ္မတ၏ လုပ်ပိုင်ခွင့် အခွင့်အာဏာနှင့် လျှော်ညီမှု မရှိပဲ နိုင်ငံတော်အား အရေးအပေါ်အခြေနေအဖြစ် တစ်နှစ်ကြေညာခဲ့ပြီး ဥပဒေပြုမှုအာဏာ အပါအဝင် အာဏာသုံးရပ်စလုံးကို ၎င်းက တပ်မတော်ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ လွှဲပြောင်းပေးခဲ့သည်ဟု တပ်မတော်ပိုင် မြဝတီရုပ်မြင်သံကြား မှ ကြေညာခဲ့သည်။[][]

ထိုအရေးပေါ်အခြေအနေ တစ်နှစ်ပြည့်လုခါနီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် ယာယီသမ္မတ ဦးမြင့်​ဆွေက ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူ၍ သက်တမ်း ၆ လထပ်မံ တိုးမြှင့်ခဲ့သည်။[]

Remove ads

ဖွဲ့စည်းပုံ

ပြည်ထောင်စုလွှတ်တော်တွင် အောက်ပါ လွှတ်တော် ၂ ရပ် ပါဝင်သည်။

လွှတ်တော်အကြီးအကဲ

ဖွဲ့စည်းပုံအရ လွှတ်တော် သက်တမ်း၏ ပထမ ၃၀ လ တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌမှာ ပြည်ထောင်စုလွှတ်တော် နာယကနှင့် ဒုနာယက လည်း ဖြစ်သည်။ ကျန်ရှိသက်တမ်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ က နာယကနှင့် ဒုနာယကအဖြစ် တာဝန် ထမ်းဆောင်ရန် ဖြစ်သည်။ ပြည်ထောင်စု လွှတ်တော် နာယက သည် နာယက တာဝန်ကို ထမ်းဆောင် နိုင်စွမ်းမရှိသည့်အခါ ဒုတိယနာယကသည် နာယကတာဝန်ကို ယာယီ ထမ်းဆောင်ရမည်။ []

သမ္မတရွေးချယ်တင်မြှောက်ခြင်း

ပြည်ထောင်စုလွှတ်တော်၏ အဓိကတာဝန်မှာ အမျိုးသားလွှတ်တော်ရှိ ​ရွေး​ကောက်ခံကိုယ်စားလှယ်များ (၁၆၈ ဦး)၊ ပြည်သူ့လွှတ်တော်ရှိ ​ရွေး​ကောက်ခံကိုယ်စားလှယ်များ (၃၃၀ ဦး) နှင့် လွှတ်တော်နှစ်ရပ်မှ တပ်မတော်သား ကိုယ်စားလှယ်များ (၁၆၆ ဦး) သီးခြားစီ ပါဝင် ဖွဲ့စည်းထားသည့် သမ္မတရွေးချယ်တင်မြှောက်ရေး အဖွဲ့များမှ ရွေးချယ်ထားသော ဒုတိယသမ္မတ​လောင်း ၃ ဦးအနက် တစ်ဦးကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခွင့်ရှိသည်။

၂၀၁၁ -၂၀၁၅

၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ပြီးနောက် ပြည်ထောင်စုလွှတ်တော် ပထမဆုံးအကြိမ် အစည်းအဝေးကို ၂၀၁၁ ခုနှစ် ဇန္နဝါရီလ ၃၁ ရက်နေ့တွင် ခေါ်ယူကျင်းပခဲ့သည်။ ပြည်ထောင်စု လွှတ်တော်မှ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်အား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတည်ပြုပြီးနောက် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော သမ္မတအဖြစ် ရွေးချယ်တင်မြောက်ခဲ့သည်။ ဒုတိယ သမ္မတများမှာ အမျိုးသား လွှတ်တော်မှ အမည်တင်သွင်းသည့် ရှမ်းလူမျိုး ဒေါက်တာ စိုင်းမောက်ခမ်းနှင့် စစ်တပ် ကိုယ်စားလှယ် အစုအဖွဲ့မှ အမည်တင်သွင်းသည့် ဗိုလ်ချုပ်ကြီးဟောင်း တင်အောင်မြင့်ဦးတို့ ဖြစ်ကြသည်။ [] နောက်ပိုင်းတွင် ဒုတိယသမ္မတ(၁)ဖြစ်သူ သီဟသူရတင်အောင်မြင့်ဦး နုတ်ထွက်သွားသဖြင့် တပ်မတော်အစုအဖွဲ့မှ တင်သွင်းသော ရေတပ်ဦးစီးချုပ်ဟောင်း ဦးဉာဏ်ထွန်းမှာ ဒုသမ္မတအသစ်ဖြစ်လာသည်။

၂၀၁၆ - ၂၀၂၀

၂၀၁၅အထွေထွေရွေးကောက်ပွဲအပြီးကျင်းပသော ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်အစုအဖွဲ့မှ ဒုသမ္မတလောင်းအဖြစ် ဦးထင်ကျော်၊ အမျိုးသားလွှတ်တော်အစုအဖွဲ့မှ ဒုသမ္မတလောင်းအဖြစ် ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်သားအစုအဖွဲ့မှ ဒုသမ္မတလောင်း ဦးမြင့်ဆွေတို့ကို အသီးသီး အမည်စာရင်းတင်သွင်းကြသည်။၎င်းတို့အနက် ဦးထင်ကျော်က မဲအများဆုံးရရှိကာ နိုင်ငံတော်သမ္မတ၊ ဦးမြင့်ဆွေက ဒုတိယမဲအများဆုံးဖြင့် ဒုတိယသမ္မတ(၁)၊ ဦးဟင်နရီဗန်ထီးယူက ဒုတိယသမ္မတ(၂) ဖြစ်လာခဲ့သည်။

၂၀၁၈ မတ်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နုတ်ထွက်ပြီးနောက် လွှတ်တော်သည် သမ္မတအသစ်ရွေးချယ်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ တင်သွင်းသော ဦးဝင်းမြင့်က မဲအများဆုံးရရှိကာ နိုင်ငံတော်သမ္မတအသစ်ဖြစ်လာသည်။ ဒုတိယသမ္မတ (၁) အဖြစ် ဦးမြင့်ဆွေနှင့် ဒုတိယသမ္မတ (၂)အဖြစ် ဦးဟင်နရီဗန်ထီးယူတို့က ဆက်လက်အရွေးချယ်ခံရသည်။

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads