ဦးစိုးမင်းဦး (၁၉၆၉ မွေးဖွား)သည် မြန်မာနိုင်ငံ ၏ ၁၄ ဦးမြောက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ၏ ဥက္ကဋ္ဌ ဖြစ်သည်။[၁] ယင်းမတိုင်မီက သူသည် တပ်မတော် တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိ စစ်ရေးချုပ် ဖြစ်ခဲ့သည်။[၂][၃]
စစ်မှုထမ်းခြင်း
ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး သည် စစ်တက္ကသိုလ် အပတ်စဉ် (၃၁) ဆင်း ဖြစ်သည်။၁၉၉၀ ပြည့်နှစ်ကစပြီး ဒုဗိုလ်ဘဝဖြင့် တပ်မတော် တွင် စစ်မှုစထမ်းသည်။ရာထူးအဆင့်ဆင့် တိုးခဲ့သည်။
ယင်းနောက် သူသည် ဗိုလ်မှူးချုပ်/ဗိုလ်ချုပ် ရာထူးဖြင့် ၂၀၁၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် တပ်မတော်၏ ဒုံးတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး ၏ ညွန်ကြားရေးမှူး အဖြစ် တာဝန်ပေးအပ်ခံရသည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ နောက်ပိုင်းတွင် ဒုတိယဗိုလ်ချုပ်ကြီး ရာထူးတိုးကာ တပ်မတော်စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် (ကြည်း/ရေ/လေ) ဖြစ်လာခဲ့သည်။[၄]
၂၀၂၂ ခုနှစ် အောက်တိုဘာလဆန်းပိုင်းတွင် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း[၅] တာဝန်မှအနားယူပြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ တစ်ဦး အဖြစ် ကူးပြောင်းသွားခဲ့စဉ် ၎င်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၏ လက်အောက်ရှိ စစ်ရေးချုပ်ရုံးအကြီးအကဲ နှင့် တပ်မတော် စစ်ရေးချုပ် ဖြစ်လာသည်။[၆] [၇]
သူသည် တပ်မတော် ရာထူး၊ အပြောင်းအရွေ့များကို အဓိကကိုင်တွယ်ရသော အရေးပါသည့် စစ်ရေးချုပ် တစ်ဦးအနေဖြင့် ကြည်းတပ်ကိုသာမက ရေတပ်နှင့် လေတပ်တို့၏ စစ်ရေးပိုင်းဆိုင်ရာများအား ဆောင်ရွက်ခဲ့ရသည်။
တပ်မတော်မှ အငြိမ်းစားယူခြင်း
၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည် အာဏာ(၃)ရပ်အား အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ ထံ ပြန်လည်လွှဲပြောင်းအပ်နှံခဲ့သည်။
အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ သည် ထိုနေ့မှာပင် ပြည်ထောင်စုအစိုးရအဖွဲ့ နှင့် ပြည်ထောင်စု ရုံး၊အဖွဲ့အစည်းများအား ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့ရာတွင် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး သည် တပ်မတော်မှ အငြိမ်းစားယူကာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။[၈] [၉]
ရရှိသောဘွဲ့
၂၀၂၅ ခုနှစ် ဧပြီ ၁၇ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က ၎င်းအား စည်သူဘွဲ့ ချီးမြှင့်သည်။[၁၀]
မိသားစုဘဝ
သူသည် အိမ်ထောင်သည် တစ်ဦး ဖြစ်သည်။ဇနီးဖြစ်သူ၏ ဖခင်မှာ ယခင် နဝတ၊နအဖ စစ်အစိုးရလက်ထက်က ထင်ရှားခဲ့သည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ် ပြည့်စုံ ဖြစ်သည်။[၁၁]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.