ဦးနုအစိုးရ
မြန်မာနိုင်ငံအစိုးရအဖွဲ့ From Wikipedia, the free encyclopedia
Remove ads
ဦးနုအစိုးရသည် ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ပထမဆုံးစတင်အုပ်ချုပ်သည့် အစိုးရအဖွဲ့ဖြစ်သည်။ ပြည်တွင်းစစ်အခြေအနေများ ဆိုးရွားလာသည့်အတွက် ရာထူးမှနုတ်ထွက်မှုများ များပြားခဲ့သည်။
Remove ads
သမိုင်း
မြန်မာကိုလိုနီ၏ဘုရင်ခံ ဆာ ဟူးဘတ် ရန့်စ်သည် ၁၉၄၆ စက်တင်ဘာတွင် အမှုဆောင်ကောင်စီကို ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်၏ အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းပေးခဲ့ရာ သခင်အောင်ဆန်းသည် အမှုဆောင်ကောင်စီ၏ ဒုတိယဥက္ကဋ္ဌဖြစ်လာခဲ့သည်။ ထိုအမှုဆောင်ကောင်စီ၏ အဖွဲ့ဝင်များသည် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးလျှင် ဆက်လက်အုပ်ချုပ်မည့် အစိုးရအဖွဲ့လည်းဖြစ်သည်။ သို့သော် ၁၉၄၇ ဇူလိုင် ၁၉ တွင် ဝန်ကြီးများအစည်းအဝေးကိုကျင်းပနေစဉ် မသမာသူအချို့တို့က ရုတ်တရက် အစည်းအဝေးခန်းထဲသို့ ဝင်ရောက်လာ၍ ခေါင်းဆောင်ကြီးများအား ပစ်သတ်ခဲ့သည်။ ထိုသို့လုပ်ကြံခံခဲ့ရသော ခေါင်းဆောင်များမှာ အောက်ပါအတိုင်းဖြစ်သည်။
- ဦးအောင်ဆန်း – နန်းရင်းဝန်၊ အမှုဆောင်ကောင်စီဒုတိယဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီး
- ဒီးဒုတ်ဦးဘချို – ပြန်ကြားရေးဌာနဝန်ကြီး
- မန်းဘခိုင် – အလုပ်သမားရေးရာဌာနဝန်ကြီး
- ဦးဘဝင်း – စီးပွားရေးနှင့် ထောက်ပံ့ရေးဌာနဝန်ကြီး
- သခင်မြ – ပြည်ထဲရေးဌာနဝန်ကြီး
- ဦးအဗ္ဗဒူရာဇတ် – ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာနဝန်ကြီး
- စဝ်စံထွန်း– နယ်ခြားဒေသများဆိုင်ရာဌာနဝန်ကြီး
- ဦးအုန်းမောင် – သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဌာန အတွင်းဝန်) နှင့်
- ရဲဘော် ကိုထွေး – ဦးအဗ္ဗဒူရာဇတ်၏ သက်တော်စောင့်
အာဇာနည် ၉ ဦးလုပ်ကြံခံရပြီးသောအခါ သခင်နုသည် ဘုရင်ခံ၏အမှုဆောင်ကောင်စီသစ်၏ ဒုတိယဥက္ကဋ္ဌဖြစ်လာခဲ့သည်။ သခင်နုသည် အမှုဆောင်ကောင်စီကို "မြန်မာယာယီအစိုးရ" ဟူ၍လည်းကောင်း ဒုတိယဥက္ကဋ္ဌရာထူးကို "ယာယီအစိုးရဝန်ကြီးချုပ်" ဟူ၍လည်းကောင်း၊ ကောင်စီအဖွဲ့ဝင်များကို "ယာယီအစိုးရဝန်ကြီးများ" ဟူ၍လည်းကောင်း အသီးသီးပြောင်းလဲခဲ့သည်။
Remove ads
အစိုးရအဖွဲ့
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads