၁၉၇၀ အာရှ အားကစားပြိုင်ပွဲ

From Wikipedia, the free encyclopedia

Remove ads

၁၉၇၀ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1970 Asian Games) သည် ထိုင်းနိုင်ငံဘန်ကောက်မြို့ ၌ ၁၉၇၀ပြည့်နှစ် ဒီဇင်ဘာ ၉ရက်နေ့မှ ဒီဇင်ဘာ ၂၀ရက်နေ့အထိ ကျင်းပခဲ့သော ၆ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ထိုင်းနိုင်ငံသည် ၁၉၆၆ပွဲတော် ကို အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး ၁၉၇၀ပြည့်နှစ်တွင် ဒုတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ထိုင်းနိုင်ငံဘုရင် ဘူမိဘော အဒူလျာဒက် မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

အချက်တိုများ ကျင်းပရာမြို့, ပါဝင်သော နိုင်ငံများ ...

နိုင်ငံ (၁၈)နိုင်ငံမှ အားကစားသမား (၂,၄၀၀)ဦးတို့သည် အားကစားနည်း (၁၃)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို စူပါချာလာဆိုင် အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ဂျပန်နိုင်ငံကိုရီးယားသမ္မတနိုင်ငံထိုင်းနိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။

၁၉၇၀ပြည့်နှစ်အတွက် မူလအိမ်ရှင်မှာ ကိုရီးယားသမ္မတနိုင်ငံဖြစ်သည်။ သို့သော် ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ မှ ခြိမ်းခြောက်မှုများနှင့် အမျိုးသားလုံခြုံရေးကိစ္စရပ်များကြောင့် ပြိုင်ပွဲကျင်းပခွင့်ကို ဆုံးရှုံးခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံမှ လက်ခံကျင်းပခဲ့သည်။

Remove ads

လက်ခံကျင်းပခြင်း

အိမ်ရှင်ရွေးချယ်ခြင်း

မူလက ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့မှ လက်ခံကျင်းပရန် အစီအစဉ်ရှိခဲ့သည်။ သို့သော် တိုင်းပြည်၏ လုံခြုံရေးနှင့် ဘဏ္ဍာရေး ပြဿနာများကြောင့် ကျင်းပနိုင်ခြင်း မရှိတော့ပေ။ ထို့ကြောင့် ၁၉၆၆ပွဲတော် ကို အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် ထိုင်းနိုင်ငံကပင် လက်ခံကျင်းပခဲ့သည်။ ထို့ကြောင့် ဘန်ကောက်မြို့သည် အာရှအားကစားပြိုင်ပွဲ သမိုင်းကြောင်းတွင် (၂)ကြိမ်ဆက်တိုက် အိမ်ရှင်ဖြစ်ခွင့်ရသည့် ပထမဆုံးနှင့် တစ်ခုတည်းသော မြို့ဖြစ်လာခဲ့သည်။

အားကစားကွင်းများ

အမျိုးသားအားကစားပြိုင်ဝင်း

  • စူပါချာလာဆိုင် အားကစားကွင်း (ဖွင့်ပွဲ၊ ပိတ်ပွဲ၊ ပြေးခုန်ပစ်၊ ဘောလုံး)
  • Chantanayingyong အားကစားရုံ (ဘော်လီဘော)
  • Dhephatsadin အားကစားကွင်း (ဟော်ကီ)
  • Nimibutr မိုးလုံလေလုံအားကစားရုံ (ဘတ်စကက်ဘော)
  • Wisutarom ရေကူးကန် (ဒိုင်ဗင်၊ ရေကူး)

ဟွာမက် အားကစားပြိုင်ဝင်း

  • ဟွာမက် မိုးလုံလေလုံအားကစားရုံ (ကြက်တောင်ရိုက်၊ လက်ဝှေ့)
  • သေနတ်ပစ်ကွင်း (သေနတ်ပစ်)
  • စက်ဘီးစီးအားကစားရုံ (စက်ဘီးစီး)

ချူလာလောင်ကွန်းတက္ကသိုလ် အားကစားပြိုင်ဝင်း

  • ချူလာ ဘောလုံးအားကစားကွင်း (ဘောလုံး)
  • ချူလာ ရေကူးကန် (ဝါတာပိုလို)

ဓမ္မသတ်တက္ကသိုလ်

  • အားကစားရုံ (ဘော်လီဘော)

အခြား (ဘန်ကောက်)

  • ယဉ်ကျေးမှုခန်းမ (အလေးမ)
  • Amporn Garden ခန်းမ (နပန်း)

ပတ္တရား

  • ပတ္တရား ကမ်းခြေ (ရွက်လှေ)
Remove ads

ပွဲများနှင့်အားကစား

ပါဝင်သည့်နိုင်ငံများ

နောက်ထပ် အချက်အလက်များ IOC, နိုင်ငံ ...

ဧည့်သည်​တော်များသာ ​စေလွှတ်ခဲ့သည့် နိုင်ငံများ

ပါဝင်​သော အားကစားနည်းများ

  • ​ရေပိုင်းဆိုင်ရာအားကစားနည်းများ
    • ဒိုင်ဗင်
    • ​ရေကူး
    • ဝါတာပိုလို
  • ​ပြေးခုန်ပစ်
  • ကြက်​တောင်ရိုက်
  • ဘတ်စကက်​ဘော
  • လက်​ဝှေ့
  • စက်ဘီးစီး
  • ​ဟော်ကီ
  • ​ဘောလုံး
  • ရွက်​လှေ
  • ​သေနတ်ပစ်
  • ဘော်လီ​ဘော
  • အ​လေးမ
  • နပန်း

ဆုတံဆိပ်ဇယား

Key

  *   အိမ်ရှင်

နောက်ထပ် အချက်အလက်များ အဆင့်, NOC ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads