၁၉၇၄ အာရှ အားကစားပြိုင်ပွဲ

From Wikipedia, the free encyclopedia

Remove ads

၁၉၇၄ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1974 Asian Games) သည် အီရန်အင်ပါယာနိုင်ငံတီဟီရန်မြို့ ၌ ၁၉၇၄ခုနှစ် စက်တင်ဘာ ၁ရက်နေ့မှ ၁၆ရက်နေ့အထိ ကျင်းပခဲ့သော သတ္တမအကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ အီရန်နိုင်ငံသည် အာရှအားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ဘုရင် မိုဟာမက် ရယ်ဇာမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

အချက်တိုများ ကျင်းပရာမြို့, ပါဝင်သော နိုင်ငံများ ...

နိုင်ငံ (၂၅)နိုင်ငံမှ အားကစားသမား (၃,၀၁၀)ဦးတို့သည် အားကစားနည်း (၁၆)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို အာရီမဲ အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ဂျပန်နိုင်ငံအီရန်အင်ပါယာတရုတ်နိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။

အာရှအားကစားပြိုင်ပွဲကို အရှေ့အလယ်ပိုင်းတိုင်းပြည်၌ ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်း ဖြစ်သည်။ ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင် အားကစားပွဲစဉ်များကို ကမ္ဘာတစ်ဝန်း ပထမဆုံးအကြိမ် ထုတ်လွှင့်ခဲ့သည်။ ထို့အပြင် အားကစားပွဲစဉ်များအတွက် ခေတ်မီနည်းပညာများ အသုံးပြုလာခဲ့ကြသည်။

Remove ads

လက်ခံကျင်းပခြင်း

အိမ်ရှင်ရွေးချယ်ခြင်း

နောက်ထပ် အချက်အလက်များ ၁၉၇၄ အာရှအားကစားပြိုင်ပွဲ အိမ်ရှင်ရွေးချယ်ခြင်းရလဒ်, မြို့ ...

၁၉၇၄ အာရှအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီကို ဝန်ကြီးချုပ် Amir-Abbas Hoveyda က ဦးဆောင်၍ ဖွဲ့စည်းခဲ့သည်။

အားကစားကွင်းများ

Thumb
အားကစားပွဲကာလအတွင်းက အာရီမဲအားကစားကွင်းကို​တွေ့ရစဉ်

အာရီမဲ အားကစားကွင်း အပါအဝင် အားကစားပြိုင်ဝင်းကြီးကို ဆောက်လုပ်ခဲ့ပြီး ၁၉၇၁ခုနှစ် ဧပြီ ၁ရက်နေ့တွင် ပြီးစီးခဲ့သည်။

  • အာရီမဲ အားကစားပြိုင်ဝင်း - ရေပိုင်းဆိုင်ရာအားကစားနည်းများ၊ ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ စက်ဘီးစီး၊ ဓားသိုင်း၊ ကျွမ်းဘား၊ ဟော်ကီ၊ ဘောလုံး၊ ဘော်လီဘော၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ အလေးမ၊ နပန်း
  • Amjadieh အားကစားပြိုင်ဝင်း - ကြက်တောင်ရိုက်၊ ဘောလုံး
  • Mohammad Reza Shah အားကစားကွင်း - လက်ဝှေ့
  • Shahanshahi ကလပ် - သေနတ်ပစ်
  • Apadana အားကစားကွင်း - ဘောလုံး
Remove ads

ပြိုင်ပွဲအထိမ်းအမှတ်များ

Thumb
အထိမ်းအမှတ်တံဆိပ်​ခေါင်းများ
Thumb
ဆုတံဆိပ်
Thumb
အထိမ်းအမှတ် ​ရွှေတံဆိပ်

ပွဲများနှင့်အားကစား

ဖွင့်ပွဲအခမ်းအနား

Thumb
ဖွင့်ပွဲအခမ်းအနား
Thumb
အီရန်ဘုရင် မိုဟာမက် ရယ်ဇာ ပယ်လယ်ဗီကို ဖွင့်ပွဲ၌ ​တွေ့ရစဉ်

၁၉၇၄ အာရှအားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၁၉၇၄ခုနှစ် စက်တင်ဘာ ၁ရက်နေ့တွင် အာရီမဲအားကစားကွင်း၌ ကျင်းပခဲ့သည်။ အီရန်ဘုရင် မိုဟာမက် ရယ်ဇာ ပယ်လယ်ဗီ၊ ဝန်ကြီးချုပ် Amir Abbas Hoveida၊ အစိုးရအဖွဲ့ဝင်များ၊ အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဧဖရိန်ကတ်ဇာ၊ ကိုရီးယားသမ္မတနိုင်ငံ သမ္မတ ပတ်ချုန်ဟီးထိုင်းနိုင်ငံဘုရင် ဘူမိဘော အဒူလျာဒက် တို့အပါအဝင် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားသို့ ပရိသတ် ၁၀၀,၀၀၀ နီးပါး တက်ရောက်ခဲ့သည်။ အီရန်ဘုရင် မိုဟာမက် ရယ်ဇာ ပယ်လယ်ဗီ က အားကစားပွဲကို ဖွင့်လှစ်ပေးခဲ့သည်။ ထူးခြားချက်အနေဖြင့် ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ်မှ ကျောင်းသားများ၏ ကတ်ပြားများဖြင့် ပုံဖော်သည့် အစီအစဉ် ပါဝင်ခဲ့သည်။[]

ပါဝင်​သော အားကစားနည်းများ

  • ​ရေပိုင်းဆိုင်ရာအားကစားနည်းများ
    • ဒိုင်ဗင်
    • ​ရေကူး
    • ဝါတာပိုလို
  • ​ပြေးခုန်ပစ်
  • ကြက်​တောင်ရိုက်
  • ဘတ်စကက်​ဘော
  • လက်​ဝှေ့
  • စက်ဘီးစီး
  • ဓားသိုင်း
  • ​ဟော်ကီ
  • ​ဘောလုံး
  • ကျွမ်းဘား
  • ​သေနတ်ပစ်
  • စားပွဲတင်တင်းနစ်
  • တင်းနစ်
  • ဘော်လီ​ဘော
  • အ​လေးမ
  • နပန်း

ပါဝင်သည့်နိုင်ငံများ

နောက်ထပ် အချက်အလက်များ IOC, နိုင်ငံ ...

ဆုတံဆိပ်ဇယား

Thumb
အနည်းဆုံး ဆုတံဆိပ်တစ်ခု ရရှိခဲ့​သော နိုင်ငံများ
Key

  *   အိမ်ရှင်

နောက်ထပ် အချက်အလက်များ အဆင့်, NOC ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads