၁၉၈၈ နွေရာသီ အိုလံပစ်ပြိုင်ပွဲဝင် မြန်မာနိုင်ငံအသင်း
From Wikipedia, the free encyclopedia
Remove ads
မြန်မာနိုင်ငံအသင်းသည် ၁၉၈၈ နွေရာသီ အိုလံပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထိုပွဲသည် ၁၉၈၈ခုနှစ် စက်တင်ဘာ ၁၇ရက်နေ့မှ အောက်တိုဘာ ၂ရက်နေ့အထိ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် ကျင်းပခြင်းဖြစ်သည်။မြန်မာနိုင်ငံအိုလံပစ်ကော်မတီအနေဖြင့် အမျိုးသမီး ၂ဦးသာပါဝင်သော မြန်မာအားကစားအဖွဲ့ကိုစေလွှတ်ကာ အားကစားနည်း ၁မျိုးတွင် ယှဉ်ပြိုင်စေခဲ့သည်။ သို့သော်လည်း ဆုတံဆိပ် ဆွတ်ခူးနိုင်ခြင်း မရှိခဲ့ပေ။ဤအားကစားပွဲမှာ နိုင်ငံ၏ အင်္ဂလိပ်အမည်ကို Burmaအနေဖြင့် နောက်ဆုံးယှဉ်ပြိုင်ခြင်းဖြစ်ကာ နိုင်ငံကုဒ် BIRကိုလည်း နောက်ဆုံးအသုံးပြုခြင်းဖြစ်သည်။ ပြိုင်ပွဲကျင်းပနေသည့်ကာလတွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးအခြေအနေမတည်မငြိမ် ဖြစ်နေကာ ဖွင့်ပွဲအခမ်းအနားကျင်းပပြီး နောက်တစ်နေ့ဖြစ်သော စက်တင်ဘာလ ၁၈ရက်နေ့တွင် မြန်မာနိုင်ငံ၌ အာဏာသိမ်းမှုဖြစ်ပွားခဲ့သည်။ သို့သော် အားကစားသမားများမှာ ရောက်နှင့်ပြီးသားဖြစ်၍ ဆက်လက်ယှဉ်ပြိုင်ခဲ့ကြသည်။ နွေရာသီအိုလံပစ်အပြီးကျင်းပသော နွေရာသီ ပါရာလမ်းပစ်ပြိုင်ပွဲကိုမူ ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေ။
Remove ads
ပြေးခုန်ပစ်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads