၂၀၂၀ နွေရာသီ အိုလံပစ်ပြိုင်ပွဲဝင် မြန်မာနိုင်ငံအသင်း

From Wikipedia, the free encyclopedia

၂၀၂၀ နွေရာသီ အိုလံပစ်ပြိုင်ပွဲဝင် မြန်မာနိုင်ငံအသင်း
Remove ads

၂၀၂၀ နွေရာသီအိုလံပစ်ပြိုင်ပွဲတွင် မြန်မာအသင်းသည် ဝင်ရောက်ယှဉ်ပြိုင်​ခဲ့သည်။၂၀၂၀ပြည့်နှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အားကစားပြိုင်ပွဲကို ရွှေ့ဆိုင်းလိုက်ရသည်။ ထို့အတူ မြန်မာနိုင်ငံတွင်လည်း ရောဂါပိုးဖြစ်ပွားခဲ့သဖြင့် ၂၀၂၀ပြည့်နှစ်အတွင်း အားကစားသမားများ ကောင်းမွန်စွာ လေ့ကျင့်နိုင်ခဲ့ခြင်းမရှိပေ။မြန်မာနိုင်ငံအိုလံပစ်ကော်မတီအနေဖြင့် အမျိုးသား ၁ဦးနှင့် အမျိုးသမီး ၁ဦးပါဝင်သော မြန်မာအားကစားအဖွဲ့ကိုစေလွှတ်ကာ အားကစားနည်း ၂မျိုးတွင် ယှဉ်ပြိုင်​စေခဲ့သည်။[]သို့သော်လည်း ဆုတံဆိပ် ဆွတ်ခူးနိုင်ခြင်း မရှိခဲ့ပေ။ မူလက အားကစားနည်း၃မျိုးတွင် ကစားသမား ၃ဦးယှဉ်ပြိုင်ရန် ရည်ရွယ်ခဲ့သော်လည်း ဂျူဒိုပြိုင်ပွဲဝင်မှာ သွားရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပေ။[]

အချက်တိုများ ၂၀၂၀ နွေရာသီ အိုလံပစ်ပြိုင်ပွဲ မှ မြန်မာနိုင်ငံ အသင်း, IOC ကုဒ် ...
Remove ads

ဝင်​ရောက်ယှဉ်ပြိုင်ခြင်း

၂၀၂၁ခုနှစ်တွင် နိုင်ငံရေးအခြေအနေများကြောင့် အချို့သော အားကစားသမားများအနေဖြင့် သပိတ်မှောက်သည့်အနေဖြင့် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရန် ငြင်းဆန်မှုများ ရှိနေသည်။ နိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံအိုလံပစ်ကော်မတီတွင်လည်း အကြီးအကဲများ အပြောင်းအလဲဖြစ်ပေါ်ခဲ့​သေးသည်။အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီကမူ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီကိုသာ ဆက်လက်အသိအမှတ်ပြုထားသည်။[]မူလအစီအစဉ်များအရ ယခင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အတွင်းရေးမှူးအဖြစ်မှ လက်ရှိတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သွားသော ဦးမျိုးလှိုင်ဦး​ဆောင်​သော မြန်မာအားကစားအဖွဲ့သွား​ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

သို့သော် ထိုအဖွဲ့မှ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိသူ ၂ဦး၊ ၎င်းတို့နှင့် ထိစပ်သူ ၂ဦးမှာ လိုက်ပါနိုင်ခြင်းမရှိတော့ဘဲ သေနတ်ပစ်နှင့် ကြက်တောင်မှ အားကစားသမား ၂ဦး၊နည်းပြ တစ်ဦး စုစုပေါင်း ၃ဦးသာ ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့ကြသည်။ ရဲထွန်းနောင်သည် ဇူလိုင်လ၂၄ရက်နေ့တွင် ကျင်းပမည့် ပြိုင်ပွဲသို့လည်းကောင်း၊ သက်ထားသူဇာသည် ၂၅ရက်တွင် ကျင်းပမည့် ပြိုင်ပွဲသို့လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိနေကြသည့်အတွက် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရမည်ဖြစ်သည်။ ထို့ကြောင့် ၂၃ရက်နေ့ညပိုင်းတွင်ကျင်းပသော ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်နိုင်ခြင်းမရှိဘဲ မြန်မာနိုင်ငံအလံကို အိုလံပစ်ကော်မတီမှ အစားထိုးကိုင်​ဆောင်ပေးခဲ့သည်။

Remove ads

ကြက်​​တောင်

နောက်ထပ် အချက်အလက်များ ကစားသမား, ပွဲစဉ် ...
Remove ads

ဂျူဒို

ဂျူဒိုပြိုင်ပွဲဝင် ခြူးမြတ်နိုး​ဝေမှာ အ​ကြောင်းအမျိုးမျိုး​ကြောင့် သွားရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပေ။[]

​သေနတ်ပစ်

နောက်ထပ် အချက်အလက်များ ကစားသမား, ပွဲစဉ် ...
Thumb
ရဲထွန်း​နောင်၏ ဝင်​ရောက်ယှဉ်ပြိုင်မှု

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads