ကင်းရှေ့ရွာ၊ သရက်ချောင်းမြို့နယ်
From Wikipedia, the free encyclopedia
Remove ads
'ကင်းရှေ့ရွာ(အင်္ဂလိပ်: Kinshey)သည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ကျေးရွာအုပ်စု၌ တည်ရှိသည်။ ထားဝယ်မြို့မှ ၁၂ မိုင်ခန့်ဝေးကွာပြီး သရက်ချောင်းမြို့မှ ၁၈ မိုင်ခန့်ကွာဝေးသည်။ ရွာနေရာကုတ်မှာ ၁၇၇၂၄၆ ဖြစ်သည်။ အလက ရှိပြီး၊ ဆရာ/မ ၁၀ ကျော်၊ ကျောင်းသား/သူ ၂၀၀ ကျော် ရှိသည်။ ကျေးလက်ကျန်းမာရေးဌာနခွဲ ရှိသည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၃၉၆၊ စုစုပေါင်း ၁၇၃၈ ဦးနေထိုင်သည်။ [၁]
Remove ads
လမ်းပန်းဆက်သွယ်ရေး
ကင်းရှေ့ရွာသို့ ကားလမ်းဖြင့်လွယ်ကူစွာ သွားလာနိုင်သည်။ ထားဝယ် -မြိတ် ကားလမ်းပေါ်ရှိ ရှင်မုတ္ထီးကျေးရွာမှတဆင့် ၆ မိုင်ခန့်သွားရောက်ရမည် ဖြစ်ပြီး ကျောက်ရပ်ရွာမှတ်ဆင့်သော်လည်းကောင်း ညောင်ဇင်ရွာမှ ၎င်းသွားရောက်နိုင်သည်။
စီးပွားရေး
ကင်းရှေ့ကျေးရွာ၏ အဓိက စီးပွားရေးမှာဥယျာဉ်ခြံများ စိုက်ပျိုးကြပြီး ရာဘာ ကွမ်းသီး သီဟိုပင်များစိုက်ပျိုးပြီး အသက်မွေးကြသည်။ မိုးရာသီတွင် ဆန်စပါးများကို စိုက်ပျိုးကြသည်။ ကျေးရွာလူငယ်အများစုမှာ ထိုင်းနိုင်ငံ တွင် ရွေ့ပြောင်းအလုပ်သမား များအဖြင့် အလုပ်သွားရောက်လုပ်ကိုင်လျက်ရှိပြီး အချို့လူငယ်များမှာ ရေလုပ်သားများ အဖြင့် ငါးဖမ်းလှေများတွင် လုပ်ကိုင်ကြသည်။
ပညာရေး
ကင်းရှေ့ကျေးရွာတွင် အခြေခံပညာအလယ်တန်း အဆင့် စာသင်ကျောင်းတစ်ကျောင်းရှိပြီး နွေရာသီကျောင်းပိတ်ရက်တွင် ဘုန်းတော်ကြီးကျောင်းတွင် ယဉ်ကျေးမှုသင်တန်းများကို ဆရာတော်မှ ပို့ချသင်ကြားပေးသည်။
ဘာသာရေး
ကင်းရှေ့ရွာသူ ရွာသားအားလုံးသည် ထေရဝါဒ ဗုဒ္ဓဘာသာ ကို ကိုးကွယ်ကြပြီး ဘုန်းကြီးကျောင်းကို ရွာတောင်ပိုင်းတွင် တည်ဆောက်ကိုးကွယ်ထားသည်။ ရွာအဝင်ဝရှိ သင်္ဘောဝှက်တောင်တွင် တောင်ပေါ်ကျောင်းတစ်ဆောင်ကိုလည်း တည်ဆောက်ကိုးကွယ်ထားကြသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads