ကန်မြဲရွာ၊ တောင်သာမြို့နယ်
From Wikipedia, the free encyclopedia
Remove ads
ကန်မြဲရွာ ("ကမြဲ" ဟု အသံထွက်) (အင်္ဂလိပ်: Kanmye)သည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ကန်မြဲကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၁၅၁၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကန်မြဲကျေးရွာအုပ်စုတွင် ကျား ၂၅၄၈ ဦး၊ မ ၃၄၇၃ ဦး၊ လူဦးရေ စုစုပေါင်း ၆၀၂၁ ဦးနေထိုင်သည်။ [၁]
Remove ads
နာမည်ကျော်ကြား ကန်မြဲသားများ
မန္တလေး ဗန်းမော်ကျောင်းတိုက်ဆရာတော် အရှင်ကုမာရာဘိဝံသ၏ ဆရာဖြစ်သူ တောင်ဝှေးခေါက်ဆရာတော်ဦးပွား (အရှင်သောဘိတ) ၏ ဇာတိရွာဖြစ်သည်။
ဂီတစာဆိုအကျော်အမော်တဦးဖြစ်သူ ကန်မြဲအေးကျော် (၁၉၂၅-၁၉၇၈) နှင့် နာမည်ကျော် ကဗျာဆရာကြီး တင်မိုး (၁၉၃၃-၂၀၀၇) တို့၏ ဇာတိရွာဖြစ်သည်။ ကန်မြဲရွာတွင် ဦးအေးကျော်၏ နာမည်ကျော် သီချင်းအမည်ဖြစ်သော "ပန်းရည်ဘဏ်တိုက်" အမည်ဖြင့် စာကြည့်တိုက်တစ်ခုကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ဖွင့်လှစ်ကာ ကန်မြဲရွာ ဂုဏ်ဆောင် ဆရာကြီးကဗျာဆရာတင်မိုးနှင့် ကန်မြဲကိုအေးကျော်တို့၏ ကိုယ်တစ်ပိုင်းပုံ ကြေးရုပ်တုတို့အား ထားရှိ ပြသထားသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads