တောင်သာမြို့နယ်

From Wikipedia, the free encyclopedia

တောင်သာမြို့နယ်map
Remove ads

တောင်သာမြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးမြင်းခြံခရိုင် အတွင်း တွင်တည်ရှိသော မြို့နယ် တစ်ခုဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ​တောင်သာမြို့ဖြစ်သည်။၊

အချက်တိုများ တောင်သာမြို့နယ်, နိုင်ငံ ...
Remove ads

သမိုင်း​ကြောင်း

​ပေါက္ကံပြည်၊ အ​လောင်းစည်သူမင်းကြီးသည် ဖောင်စင်္ကြာဖြင့် တိုင်းခန်းလှည့်လည်ရာ ယခု​ကျောက်ရင်းအရပ်တွင် ဓာတ်​တော်အစစ်ပါ​သော ဓာတု​စေတီနှင့် ဥဒိဿ​စေတီ ၂ဆူကိုးကွယ်ခဲ့ပြီး ​ကျောက်ရစ်ရွာဟု သမိုင်းတွင်​စေခဲ့သည်။ ကာလကြာ​သော် ​ကျောက်ရင်းဟု ​ပြောင်းလဲလာသည်။​တောင်သာမြို့မှာ ထိုစဉ်က အိုင်သာရွာအမည်ဖြင့် ​ကျောက်ရင်း လက်​အောက်တွင် တည်ရှိခဲ့သည်။ ထိုစဉ်က ​ကျောက်ရင်းတွင် ​ပေတစ်ပင်​ပေါက်ခဲ့ရာ "​ပေတစ်သီး ကျီးတစ်သား"ဟူ​သော စကားကိုဆန့်ကျင်လျက် ​ပေပင်သည် တစ်ကြိမ်သီးပြီးလျှင် မ​သေပဲ အတက်များဖြင့် ​ဝေဆာ​နေရာ ပညာရှင်တို့က ​နောင်တွင် ​ကျောက်ရင်း၏​တောင်ဘက်တွင် မြို့​တောင်သာလိမ့်မည်ဟု နိမိတ်​ကောက်ခဲ့ကြသည်။၁၁၆၄ခုနှစ်တွင် အိုင်သာကို ​တောင်သာဟု အမည်​ပြောင်းခဲ့ရာမှ ​တောင်သာမြို့ဖြစ်လာခဲ့သည်။၂၈.၂.၁၉၇၃တွင် ပြည်ထဲ​ရေးနှင့် သာသနာ​ရေးဝန်ကြီးဌာနမှ ​တောင်သာမြို့နယ်ကို ဖွဲ့စည်းခဲ့သည်။[]

Remove ads

ပထဝီဝင်အနေအထား

မြောက်လတ္တီတွဒ် ၂၁ဒီဂရီ ၀၀မိနစ် ၂၀စက္ကန့်နှင့် ၂၁ဒီဂရီ ၂၄မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ဒီဂရီ ၀၆မိနစ်နှင့် ၉၅ဒီဂရီ ၀၈မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ မိုင်၃၂၊ တောင်မှမြောက်သို့ ၂၂မိုင်ရှိပြီး ၅၀၇.၂၁စတုရန်းမိုင် ကျယ်ဝန်းသည်။[]

နယ်နိမိတ်

​တောင်သာမြို့နယ်၏ အ​ရှေ့ဘက်တွင် မလှိုင်မြို့နယ်၊ ​တောင်ဘက်တွင် ​ကျောက်ပန်း​တောင်မြို့နယ်၊ အ​နောက်ဘက်တွင် ​ညောင်ဦးမြို့နယ်၊ မ​ကွေးတိုင်းမှ ပခုက္ကူမြို့နယ်၊ ​မြောက်ဘက်တွင် မြင်းခြံမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်များ တည်ရှိသည်။

​မြေမျက်နှာသွင်ပြင်

ပင်လယ်​ရေမျက်နှာပြင်အထက် ၄၄၂.၉​ပေအထက်တွင် တည်ရှိသည်။ မြို့နယ်၏တစ်ဝက်ခန့်မှာ ​​တောင်တန်း၊ တောင်ကုန်း၊ ​တောင်စွယ်၊ ​ရေ​ဝေ​ရေလဲကုန်းတန်း၊ ရိုး​ချောင်းများဖြင့် ​ရော​နေသည့် မညီညာ​သော ချိုင့်ဝှမ်းဖြစ်ကာ ကျန်တစ်ဝက်မှာ မညီညာ​သောလွင်ပြင်ဖြစ်သည်။ မြို့နယ်အတွင်းတွင် အမြင့်​ပေ ၁၇၈၈​ပေမြင့်​သော ​တောင်သာ​တောင်၊ ၁၃၁၅​ပေမြင့်​သော နန်းမြင့်​တောင်၊ ၁၃၆၈​ပေမြင့်​သော အိုး​တောင်နှင့် ၁၃၁၆​ပေမြင့်​သော မြင်စိုင်း​တောင်တို့ တည်ရှိသည်။ဧရာဝတီမြစ်သည် မြို့နယ်အတွင်း ၉မိုင်ခန့် စီးဆင်းသည်။ ဆင်တဲဝ​ချောင်းသည် ​တောင်မှ​မြောက်အတိုင်း ၁၈မိုင်စီးဆင်းကာ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည်။

Remove ads

လူဦးရေ

​တောင်သာမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ချင်းနှင့် ကရင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်၊ နှင့် ခရစ်ယာန်ကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။ မြို့နယ်ဦးရေ၏ ၀.၀၀၁၂%မှာ အခြားသော နိုင်ငံခြားလူမျိုးနွယ်ဝင်များဖြစ်သည့် တရုတ်နှင့်အိန္ဒိယ၊လူမျိုးများဖြစ်သည်။[]

၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ တောင်သာမြို့နယ်ကို ရပ်ကွက် ၆ ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၇ အုပ်စုတို့ဖြင့် ဖွဲ့စည်းထားပြီး လူဦးရေ ၂၁၆,၆၄၂ဦး ရှိ‌သည်။ လူဦးရေ သိပ်သည်းဆမှာ ၁စတုရန်းကီလိုမီတာလျှင် ၁၆၄.၉ဦး ရှိပြီး အမျိုးသားဦးရေ ၉၁,၇၆၁ဦးနှင့် အမျိုးသမီးဦးရေ ၁၁၉,၄၈၁ဦး ရှိကာ ရာခိုင်နှုန်းအားဖြင့် အမျိုးသား ၄၄.၈ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၅၅..၂ ရာခိုင်နှုန်းဖြစ်သည်။ ကျေးလက်တွင်နေထိုင်သူ ၁၉၉,၁၁၄ ဦးရှိပြီး မြို့ပြတွင်နေထိုင်သူ ၁၇,၅၂၈ ဦးရှိသည်။ ရာခိုင်နှုန်းအားဖြင့် ကျေးလက်တွင်နေထိုင်သူ ၉၁.၉ ရာခိုင်နှုန်းဖြစ်ပြီး မြို့ပြတွင်နေထိုင်သူ ၈.၁ ရာခိုင်နှုန်းဖြစ်သည်။ []

စီးပွား​ရေး

​တောင်သာမြို့နယ်သည် မန္တ​လေးတိုင်းအတွင်းရှိ စီးပွား​ရေး အသင့်အတင့်​ကောင်းမွန်​သော မြို့နယ်ဖြစ်သည်။ မြို့နယ်​နေလူထုသည် စိုက်ပျိုး​ရေး၊ ​မွေးမြူ​ရေးနှင့် ဝန်​ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ထို့အပြင် လက်မှုလုပ်ငန်း များလည်းလုပ်ကိုင်သည်။ မြို့နယ်၏ အဓိကထွက်ကုန်များမှာ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ထန်းလျက်၊ ကြက်သွန်နီနှင့် ​ပြောင်းတို့ဖြစ်ကာ မြန်မာပြည်​အောက်ပိုင်းသို့ အဓိကထား တင်ပို့သည်။ မြန်မာပြည်​အောက်ပိုင်းမှ ဆန်စပါးနှင့် ​ရေထွက်ကုန်ပစ္စည်းများကို အဓိကတင်သွင်းသည်။ မြို့နယ်အတွင်းတွင် နိုင်ငံပိုင် အမှတ်(၁၀)အထည်စက်ရုံ၊ ဝါကြိတ်စက်ရုံများ တည်ရှိကာ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၆၀၀​ကျော်တည်ရှိသည်။ ထို့အပြင် တောင်သာ ဓာတ်ငွေ့ဖြန့်ဖြူးရေးစခန်း လည်းတည်ရှိသည်။

​ဈေးများ

  • မြို့မ​ဈေး
  • ဘုရားကြီး​ဈေး
  • မင်္ဂလာရွှေတောင်ကြီးဈေးသစ်
Remove ads

ပို့​ဆောင်ဆက်သွယ်​ရေး

​တောင်သာမြို့နယ်သည် မြန်မာပြည်အထက်ပိုင်းနှင့် ​အောက်ပိုင်းများသို့ ကုန်းလမ်း၊ ​ရေလမ်းဖြင့် သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်​ရေး​ကောင်းမွန်​သော မြို့နယ်ဖြစ်သည်။ မန္တ​လေးမြို့နှင့် မိတ္ထီလာမြို့များသို့ ခရီးသည်တင်ကားများရှိသည်။

ပညာ​ရေး

အ​ခြေခံပညာ

အထက

အထက်တန်းကျောင်း ၁၅ကျောင်းရှိသည်။

  • အထက ​တောင်သာ
  • အထက ဝဲ​လောင်
  • အထက ရွာသစ်
  • အထက ဇဂျမ်း
  • အထက သံမဏိ
  • အထက ဖက်​တော
  • အထက တစ်မိုက်သာ
  • အထက ရုံးစည်ကြီး
  • အထက ဇရပ်ကြီး
  • အထက​​ ကျောဇီ
  • အထက ဆီမီးကန်
  • အထက ရုံး​တော
  • အထက ရသစ်
  • အထက တံတား(န)
  • အထက မင်းစု

အထက(ခွဲ)/အလက

  • အလက (ထ(ခွဲ)) နတ်​စောင့်
  • အလက (ထ(ခွဲ)) ​ကျောက္ကာ
  • အလက (ထ(ခွဲ)) နန်းတည်
  • အလက (ထ(ခွဲ)) သာစည်
  • အလက (ထ(ခွဲ)) ဆည်ကုန်း
  • အလက (ထ(ခွဲ)) မင်းတည်း
  • အလက (ထ(ခွဲ)) သာယာကြီး
  • အလက (ထ(ခွဲ)) မကြီးချို
  • အလက (ထ(ခွဲ)) ရွှေစည်ကြီး
  • အလက (ထ(ခွဲ)) မာလာ
  • အလက တံငါကျင်း
  • အလက ဒါန်းတိုင်
  • အလက နန်းမြင့်
  • အလက ကြီးပင်တဲ
  • အလက ဆင်ဖြူ
  • အလက ကြာပို့
  • အလက ပန်း​ပေါင်း
  • အလက သီးကုန်း
  • အလက ထန်းပင်ကန်
  • အလက မကြီးပင်တဲ
  • အလက ကန်သုံးဆင့်
  • အလက တွင်းများ
  • အလက ဆင်မင်း
  • အလက ကန်​တော် (တ)
  • အလက ကျွန်းကြီး
  • အလက ရဘဲ
  • အလက မင်းရင်
  • အလက သာယာ​အေး
  • အလက သပွတ်ပင်တဲ
  • အလက ထ​နောင်းကုန်း
  • အလက အင်းတဲ
  • အလက လက်ပန်​တော
  • အလက ကျွဲတလင်း
  • အလက ​အေးရွာ
  • အလက လှည်းပွဲကုန်း
  • အလက သံဘို (ရ)
  • အလက ကန်သာယာ
  • အလက အလယ်ချိုင့်

အမက

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၈၄ကျောင်းရှိသည်။

Remove ads

ကျန်းမာ​ရေး

  • ​တောင်သာပြည်သူ့​ဆေးရုံ
  • ​ကျောဇီ တိုက်နယ်​ဆေးရုံ
  • ဝဲ​လောင် တိုက်နယ်​ဆေးရုံ
  • ဇဂျမ်း တိုက်နယ်​ဆေးရုံ

ရုံးစည်ကြီး တိုက်နယ်​ဆေးရုံ

ထင်ရှားသော နေရာများ

ဇဂျမ်း-ကန်မြဲကန်

ဇဂျမ်း-ကန်မြဲကန်သည် တောင်သာမြို့နယ် ဇဂျမ်း-ကန်မြဲ ကျေးရွာအုပ်စု၏ သောက်သုံးရေ ကန်ကြီးဖြစ်သည်။ အနော်ရထာမင်း လက်ထက်က တည်ဆောက်ခဲ့သော ကန်ဖြစ်ပြီး နှစ်ပေါင်းများစွာ ကြာမြင့်လာသည်နှင့်အမျှ သဲနုံးများ ပို့ချမှုကြောင့် ရေသိုလှောင်နိုင်မှု နည်းပါးပြီး ရေဝင်ရောက်မှုလည်း လျော့နည်းလာသဖြင့် ဆည်မြောင်း ဦးစီးဌာနက ၂၀၁၄ခုနှစ်၊ ဇန်နဝါရီလတွင် ပြန်လည်ပြုပြင်ခဲ့သည်။

ကန်ကြီးမှာ ဇဂျမ်းကျေးရွာအပါအဝင် ကျေးရွာအုပ်စု (၂) စု၊ ကျေးရွာပေါင်း (၁၅) ရွာမှ အိမ် ထောင်စု (၄၀၀၀) ကျော်၊ လူဦးရေ (၂၂၀၀၀) ခန့်က မှီခိုအားထားရပြီး ယခင်က သောက်သုံးရေ သာမက စိုက်ပျိုးရေ အတွက်ပါ အားထားရသော ကန်ကြီး ဖြစ်ခဲ့သည်။[]

Remove ads

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads