ကောင်းဘို့ (အရှေ့)ရွာ၊ ရပ်စောက်မြို့နယ်
From Wikipedia, the free encyclopedia
Remove ads
ကောင်းဘို့ (အရှေ့)ရွာ (အင်္ဂလိပ်: Kawngboet (East)) သည် ရှမ်းပြည်နယ် (တောင်)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၀၂၀၄၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကောင်းဘို့ကျေးရွာအုပ်စုတွင် ကျား ၄၃၁၇ ဦး၊ မ ၄၂၉၁ ဦး၊ လူဦးရေ စုစုပေါင်း ၈၆၀၈ ဦးနေထိုင်သည်။ [၁]
Remove ads
သမိုင်း၌ထင်ရှားပုံ
ယခင်က ကောင်းဘို့မှာ ရှမ်းနယ် ရောက်စောက် (ယခု ရပ်စောက်) နှင့် ဗမာနယ် ဟိုင်းတက် (ယခု လှိုင်းတက်) တို့ ကုန်သွယ်ကုန်ကူးလမ်းကြောင်းတွင် ရှိသဖြင့် အထူးစည်ကားသည်။ အရက်သေစာနှင့် ကြွေအံကြက်တိုက်ကို အတော်အသင့် ခွင့်ပြုထားလေရာ စိတ်မခိုင်သူတို့ ဘဝပျက်နိုင်ပေ၏။ ထို့ကြောင့်ပင် ပုဂံခေတ်၏နာမည်ကျော် စာဆို အနန္တသူရိယအမတ်ကပင် "သူတည်းတယောက် ကောင်းဘို့ရောက်မူ သူတယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း" ဟု ကဗျာစပ်ကာ ကောင်းဘို့ရောက်က ပျက်စီးတတ်သည်မှာ အစဉ်အလာဖြစ်ကြောင်း ဆိုလေသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads