ကျိုက္ကော်ရွာ၊ သထုံမြို့နယ်

From Wikipedia, the free encyclopedia

Remove ads

ကျိုက္ကော်ရွာ(အင်္ဂလိပ်: Kyaikkaw)သည် မွန်ပြည်နယ်သထုံခရိုင်သထုံမြို့နယ်ကျိုက္ကော်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၅၅၂၀ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကျိုက္ကော်ကျေးရွာအုပ်စုတွင် ကျား ၄၁၀၇ ဦး၊ မ ၄၄၈၆ ဦး၊ လူဦးရေ စုစုပေါင်း ၈၅၉၃ ဦး နေထိုင်သည်။ သိမ်ဆိပ်တိုက်နယ်အတွင်း တည်ရှိသည်။ မြောက်ဘက်တွင် သိမ်ဆိပ်တိုက်နယ်၊ အရှေ့ဘက်တွင် သက္က(မိုးမခ)တောင်တန်း၊ ရွာကြားကျေးရွာ၊ တောင်ဘက်တွင် နောင်ဘိုကျေးရွာ၊ အနောက်ဘက်တွင် မရမ်းကုန်းကျေးရွာတို့နှင့် ထိစပ်လျက်ရှိပြီး ရန်ကုန် - မုတ္တမ မီးရထားလမ်း၊ ကားလမ်းပေါ်တွင် တည်ရှိသည်။[]

အချက်တိုများ ကျိုက္ကော်, ကျိုက္ကော်ရွာ ...

သိမ်ဆိပ်ကျေးရွာ၊ ကျိုက္ကော်ကျေးရွာ၊ တောင်ကြားကျေးရွာသုံးရွာကို စုပေါင်းပြီး သုဝဏ္ဏဝတီမြို့အဖြစ် ပြည်ထဲရေးဝန်ကြီးဌာန၏ဌာန၏ ၂၀၁၄ ခုနှစ် မတ်လ ၁၃ ရက်စွဲပါအမိန့်စာဖြင့်သတ်မှတ်ခဲ့သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads