ကြောင်ကတိုး

From Wikipedia, the free encyclopedia

ကြောင်ကတိုး
Remove ads

ကြောင်ကတိုး (အင်္ဂလိပ်: Civet)သည် အာရှတိုက် အပူပိုင်းဒေသ နှင့် အာဖရိကတိုက်တွင် အထူးသဖြင့် အပူပိုင်းသစ်တောများ၌ နေထိုင်ကျက်စားသည့် ညဉ့်တိရစ္ဆာန်(ညအချိန်၌သာ လှုပ်ရှား၊ သွားလာ၊ အစာရှာခြင်း များသောအားဖြင့် ပြုလုပ်လေ့ရှိသော တိရစ္ဆာန်) နို့တိုက်သတ္တဝါများ ဖြစ်သည်။

အချက်တိုများ ကြောင်ကတိုးများ (Civets), သိပ္ပံနည်းကျ အမျိုးစားခွဲခြားခြင်း ...
Remove ads

ဘုံအမည်

ကြောင်ကတိုး ဟူသော ဝေါဟာရသည် နို့တိုက်သတ္တဝါ မျိုးစိတ်ကွဲ တစ်ဒါဇင်ကျော်နှင့်သက်ဆိုင်သော ဘုံအမည်နာမဖြစ်သည်။ ၎င်း၏ မျိုးစိတ်ကွဲအများစုကို အရှေ့တောင်အာရှတွင်တွေ့ရသည်။  လူသိများသော ကြောင်ကတိုးမျိုးစိတ်မှာ အာဖရိကကြောင်ကတိုးကြီး (အင်္ဂလိပ်: Civettictis civetta)ဖြစ်ပြီး မွှေးကြိုင်သောရနံ့အား အသုံးပြုရန်အလို့ငှါ အဓိကရယူခဲ့သည့် မျိုးစိတ်ဖြစ်သည်ဟု သမိုင်းမှတ်တမ်းများအရသိရှိရသည်။[]

ဆင်းသက်လာသော မျိုးရိုးများ မတူညီခြင်း

ကတိုး” ဟူသောစကားလုံးသည် တိရစ္ဆာန်များမှ ထုတ်လုပ်သည့် ထူးခြားသော ရနံ့တစ်ခုကို ရည်ညွှန်းခြင်းဖြစ်ပြီး၊ ထိုအမည်ပါသော တိရစ္ဆာန်များသည် ၎င်းတို့၏ သက်ဆိုင်ရာ မျိုးစုများမှ ရွေး၍ စုဖွဲ့ထားသော အုပ်စုတစ်ခုအား ရည်ညွှန်းခေါ်ဝေါ်ခြင်းဖြစ်သည်။

ကြောင်ကတိုးကို ကြောင်နံ့သာဟုလည်း ခေါ်ကြသည်။ ရှားပါးသတ္တဝါစာရင်းဝင် ဖြစ်သည်။

ပါဏဗေဒ အလိုအရ ခွဲခြားကြည့်ခြင်း

ကြောင်ကတိုးဟူသော အမည်နာမနှင့် သက်ဆိုင်သော တိရစ္ဆာန်များမှာ အများအားဖြင့် အသားစားနို့တိုက်သတ္တဝါ Viverridae မျိုးရင်းဝင် မျိုးစိတ်များဖြစ်သည်။ အာဖရိကအုန်းကြောင်ကတိုး (Nandinia binotata)မှာ မတူညီသော မျိုးရိုးဗီဇရှိပြီး ၎င်း၏ကိုယ်ပိုင် monotypic မျိုးရင်းဝင် Nandiniidae မျိုးစုမှ ဖြစ်သည်။ ကြောင်ကတိုးအား အင်္ဂလိပ်: “toddycats”အင်ဒိုနီးရှား: “Luwak”မလေး: “musang” ဟုခေါ်ဝေါ်ကြသည်။

စာရေးသားသူအချို့သည် Civettictis၊ Viverra နှင့် Viverricula civets များ အားလုံးကို ကြောင်ကတိုး(အင်္ဂလိပ်: Civet)ဟုသာ ရည်ညွှန်းသုံးစွဲကြသည်။[]  ထို့အပြင် အင်္ဂလိပ်ဘာသာစကားတွင် ထိုအမည်နာမသည် Chrotogale၊ Cynogale, Diplogale, Hemigalus, Arctogalidia, Macrogalidia, Paguma နှင့် Paradoxurus civets အားလုံးကို ရည်ညွှန်းသော အသုံးအနှုန်းဖြစ်သည်။

ကိုးကား

ဆက်စပ်ကြည့်ရန်

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads