ကြံ့ဖြူ

နို့တိုက်သတ္တဝါ မျိုးစိတ် From Wikipedia, the free encyclopedia

ကြံ့ဖြူ
Remove ads

ကြံ့ဖြူ (သို့) စတုရန်းပုံ-နှုတ်ခမ်း ကြံ့ (အင်္ဂလိပ်: Ceratotherium simum) သည် အကြီးဆုံးကြံ့မျိုးစိတ်ဖြစ်သည်။  ၎င်းသည် အစာစားရန် ကျယ်ပြန့်သောပါးစပ်ရှိပြီး ကြံ့မျိုးစိတ်အားလုံး၌ အုပ်စုအဖွဲ့ဖြင့်နေထိုင်ဆုံးသော မျိုးစိတ်ဖြစ်သည်။ ကြံ့ဖြူ မျိုးစိတ်ခွဲနှစ်ခုမှာ - ၂၀၁၅ တွင် သဘာဝတောရိုင်းတိရစ္ဆာန်အဖြစ် ခန့်မှန်းအကောင်ရေ ၁၉,၆၈၂ မှ ၂၁,၀၇၇ ရှိသော “တောင်ပိုင်း ကြံ့ဖြူ” နှင့် ၎င်းထက် ပို၍ ရှားပါးသော “မြောက်ပိုင်း ကြံ့ဖြူ” တို့ဖြစ်သည်။

အချက်တိုများ ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း, မျိုးရိုးခွဲခြားခြင်း ...

မြောက်ပိုင်းမျိုးစိတ်များသည် ၂၀၁၈ တွင် “နှစ်ကောင်”သာ ကျန်ရှိသည်ဟု အတည်ပြုထားသည် (Fatu ၁၈ နှစ်နှင့် Najin ၂၉ နှစ် ဟူသော အမ နှစ်ကောင်သာ ကျန်ရစ်သည်)။ ထိုအမနှစ်ကောင်မှာလည်း အထူးထိန်းသိမ်းစောက်ရှောက်ထားခြင်းဖြစ်ပြီး ဇီဝမျိုးကွဲဆိုင်ရာ အတွေးအခေါ်အရ “ရှင်သန်သူ ကျန်ရစ်သော မျိုးသုဉ်းထားပြီး မျိုးစိတ်”ဖြစ်သည်။ လူသိများသည့် ကမ္ဘာ့နောက်ဆုံးကျန်ရစ်သော မြောက်ပိုင်း ကြံ့ဖြူအထီး ဆူဒန် သည် ၂၀၁၈ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင်ကင်ညာနိုင်ငံ၌ သေဆုံးခဲ့သည်။[]



Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads