မျိုးသုဉ်းရန်အန္တရာယ်ကျရောက်လုနီးပါး မျိုးစိတ်
From Wikipedia, the free encyclopedia
Remove ads
မျိုးသုဉ်းရန်အန္တရာယ်ကျရောက်လုနီးပါး မျိုးစိတ်ဆိုသည်မှာ ဇီဝမျိုးစိတ်တစ်ခု (ဝါ) တစ်စုသည် မကြာမီအနာဂတ်ကာလ၌ မျိုးသုဉ်းအန္တရာယ် ကျရောက်နိုင်ဖွယ်ရှိကြောင်းကို နိုင်ငံတကာ သဘာဝထိန်းသိမ်းစောင့်ရှောက်ရေး အသင်း (IUCN)မှ ၎င်းမျိုးစိတ်အပေါ် "အန္တရာယ်ကျရောက်နိုင်ဖွယ်ရှိ (Near Threatened - NT)" ထိန်းသိမ်းစောင့်ရှောက်ရေးအမျိုးအစား သတ်မှတ်ပေးခြင်းဖြစ်သည်။ သို့ရာတွင် ယင်းသို့ သတ်မှတ်ပေးသည့် လတ်တလော အချိန်ကာလအတွက် "အန္တရာယ်ကျရောက်နေမှု အဆင့်" အနေဖြင့် အသိအမှတ်ပြုထားခြင်းမရှိပေ။[၁][၂]
ဤအမျိုးအစားဝင် ဇီဝမျိုးအုပ်စုများအား ထိုက်သင့်သော ကြာမြင့်ချိန်ကာလတွင် ပြန်လည်ဆန်းစစ် အကဲဖြတ်ရန်အရေးကြီးကြောင်းကို IUCN မှ မှတ်သားထားပေးသည်။
Remove ads
ဓာတ်ပုံများ
- အန္တရာယ်ကျရောက်နိုင်ဖွယ်ရှိသည်ဟု သတ်မှတ်ခံထားရသည့် ချောင်းဖျားဖျံ
- အမေရိက သမန်းဝံပုလွေများသည် ဒေသရင်းနယ်မြေများ ဆုံးရှုံးနေခြင်းကြောင့် အန္တရာယ်ကျရောက်နိုင်ဖွယ်ရှိသည့် မျိုးစိတ်အဖြစ်သတ်မှတ်ခံထားရသည်။
- ဤအမျိုးအစားအဖြစ် ၂၀၀၄ ခုနှစ်တွင် သတ်မှတ်ထားခဲ့သော မီးခိုးရောင်လင်းနို့ငယ်သည် မြောက်အမေရိက၏ ဒေသရင်းမျိုးစိတ်ဖြစ်ပြီး ယင်းတို့၏ ကျက်စားရာနယ်မြေများ ဆုံးရှုံးနေရခြင်းကြောင့် ၂၀၁၈ ခုနှစ်တွင် မျိုးသုဉ်းအန္တရာယ်ကျရောက်နိုင်သော မျိုးစိတ် (VU) အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ရသည်။[၃]
- မြင်းကျား (Equus quagga ) မျိုးစိတ်
- Ball python အာဖရိက စပါးကြီးမျိုးစိတ် တစ်ခုဖြစ်သည်။
Remove ads
ကိုးကား
ပြင်ပလင့်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads