တပုရင်းကွဲရွာ၊ စစ်ကိုင်းမြို့နယ်

From Wikipedia, the free encyclopedia

Remove ads

တပုရင်းကွဲရွာ (အင်္ဂလိပ်: Tapayinkwe) သို့မဟုတ် ဒီပဲယင်းကွဲရွာ သည် စစ်ကိုင်းတိုင်းဒေသကြီးစစ်ကိုင်းခရိုင်စစ်ကိုင်းမြို့နယ်တပုရင်းကွဲကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၁၀၇၇ ဖြစ်သည်။[] စစ်ကိုင်း-ရွှေဘိုလမ်းပေါ်ရှိ အုန်းတောရွာမှ ပုဂံတူကျေးရွာလမ်းအတိုင်း ခုနစ်မိုင်၊ ခုနစ်ဖာလုံခန့်အကွာတွင် တည်ရှိသည်။ မန္တလေး-မုံရွာသွားကားလမ်းပေါ်ရှိ ညောင်ပင်ဝန်းရွာမှ တစ်ဆင့်လည်း ညောင်ပင်သာရွာ-ပေါက်ကားရွာမှတစ်ဆင့်လည်း သွားနိုင်သည်မူးမြစ်သည် ဒီပဲယင်းကွဲရွာ၏ အနောက်ဘက်တွင် စီးဆင်းလျက်ရှိသည်။

အချက်တိုများ တပုရင်းကွဲ ဒီပဲယင်းကွဲ, တပုရင်းကွဲရွာ ...

ဒီပဲယင်းကွဲရွာတွင် အိမ်ခြေ ၇၈၀ ကျော်၊ မိသားစု ၈၀၀ ကျော်နှင့် လူဦးရေ ၃,၇၀၀ ကျော် ရှိသည်။ ရွာရဲ့ အဓိက အသက်မွေးဝမ်းကျောင်းမှာ သရက် စိုက်ပျိုးခြင်းဖြစ်သည်။ မြေပဲနှမ်းနေကြာပဲစင်းငုံပဲတီစိမ်းပဲလွန်းပဲကြီးတို့ အဓိကစိုက်သော ယာမြေများ၊ ခရမ်းချဉ်ခရမ်းဖရဲသခွားဂျုံ၊ ကုလားပဲ၊ ပဲတီစိမ်းကြက်သွန်ပြောင်းဖူးနှင့် နေကြာတို့ တွဲဖက်စိုက်သော နှုန်းတင်မြေနုများ ရှိသဖြင့် မြန်မာပြည်အလယ်ပိုင်း မိုးခေါင်ရေရှားဖြစ်သော်လည်း စိုက်ပျိုးရေးဖြစ်ထွန်းသည်။ ဒီပဲယင်းကွဲရွာဟု ခေါ်ဆိုသည်။ တောင်ပေါ်လေးဘုရား၊ အသီရိဘုရား၊ ရွှေစေတီဘုရားတို့မှာ နာမည်ကြီးသည်။ ဘုန်းတော်ကြီးကျောင်းအနေဖြင့် ရွှေစေတီကျောင်း၊ မန်ကျီးချိုကျောင်း၊ ဘုံစက်ကျောင်း၊ ရွှေဂူကြီးကျောင်းနှင့် နဂါးရုံကျောင်းတို့ ရှိသည်။[][][]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads