တိဘက်လူမျိုးများ

From Wikipedia, the free encyclopedia

တိဘက်လူမျိုးများ
Remove ads

တိဗက်လူမျိုးများသည် တရုတ်-တိဗက်အုပ်စု ဝင်လူမျိုးများဖြစ်သည်။ အရှေ့အာရှ၊ တရုတ်ပြည်တောင်ပိုင်းရှိ ဌာနေတိုင်းရင်းသားလူမျိုးများဖြစ်သည်။ လူဦးရေမှာ ၆.၃သန်းဝန်းကျင်ရှိပါသည်။ တရုတ်နိုင်ငံ၊ တိဗက်ကိုယ်တိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အများစုနေထိုင်ကြပြီး နိုင်ငံတွင်းရှိ ကန်စုအခြားပြည်နယ်များတွင် ဖြန့်ကျက်နေထိုင်ကြသည်။

အချက်တိုများ ဗောဒပ བོད་པ་bod pa · 博巴, လူဦးရေ စုစုပေါင်း ...

တိဗက်လူမျိုးများသည် ဟိမဝန္တာတောင်တန်း ဒေသတွင်နေထိုင်ကြပြီး၊ရှေးကတည်းကပင် ဟိမဝန္တာတောင်တန်းများအားကျော်လွန်က တောင်ပိုင်းဒေသများ ၊ တရုတ်နိုင်ငံအနောက်တောင်ပိုင်း နှင့် မြန်မာမြောက်ပိုင်းအထိ ကျယ်ပြန့်စွာ နေထိုင်လာကြသည်။ ယနေ့တွင်လည်း တိဗက်လူမျိုးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွင်သာမက၊ နီပေါ၊ ဘူတန်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့တွင်လည်းနေထိုင်လျက်ရှိကြသည်။

Remove ads

သမိုင်းကြောင်းနှင့်ဘာသာတရား

တိဗက်လူမျိုးသည် ခန့်မှန်းခြေအရ ၇ရာစုခန့်တွင် အချုပ်အခြာအာဏာပိုင်တိဗက်နိုင်ငံတော်အား လာဆာမြို့တော်ကိုဗဟိုပြု၍တည်ထောင်နိုင်ခဲ့သည်။ ဗွမ်ဆမ် (Songtsen Gampo) ခေတ်ကတည်းကပင် တိဗက်နိုင်ငံသည် အလွန်တိုးတက်သော ဘုရင့််နိုင်ငံတော်ဖြစ်ခဲ့သည်။၈ရာစုနှင့်၉ရာစုများတွင် တိဗက်နိုင်ငံသည် တောင်အာရှတစ်ဝိုက်ရှိ နိုင်ငံများနှင့်စစ်ရေး၊ဘာသာရေး ဆက်စပ်မှုများရှိလာခဲ့သည်။ထို့အပြင် ဗုဒ္ဓဘာသာသည်လည်း ဗွမ်ဆမ်ဘုရင်၏ချီးမြှောက်မှုဖြင့်တိဗက်တွင် စတင်ပွားလာခဲ့သည်။ တိဗက်ဗုဒ္ဓဘာသာသည် မဟာယာနဗုဒ္ဓဘာသာ၏ကိုင်းခွဲ တစ်ခုဖြစ်သည့် ဝဇ္ဇရာယာနာ (Vajrayāna) ဖြစ်ပြီး၊ ဒါလိုင်လားမား (Dalai Lama) ကိုဘုရားနည်းတူလေးစားသည်။

Remove ads

မျိုးရိုးဗီဇနှင့်ဘာသာစကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads