တောင်ဦးရွာ၊ ကျောက်ပန်းတောင်းမြို့နယ်

From Wikipedia, the free encyclopedia

Remove ads

တောင်ဦးရွာ (အင်္ဂလိပ်: Taungu)သည် မန္တလေးတိုင်းဒေသကြီးညောင်ဦးခရိုင်ကျောက်ပန်းတောင်းမြို့နယ်တောင်ဦးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၂၁၃၉ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တောင်ဦးကျေးရွာအုပ်စုတွင် ကျား ၁၇၉၉ ဦး၊ မ ၂၂၈၃ ဦး၊ လူဦးရေ စုစုပေါင်း ၄၀၈၂ ဦးနေထိုင်သည်။ [] ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ တဖက်တွင် တည်ရှိသည်။ ကျောက်ပန်းတောင်း မိတ္ထီလာ မြို့နှစ်မြို့ အလယ်တွင် တည်ရှိသည်။

အချက်တိုများ တောင်ဦး, တောင်ဦးရွာ ...
Remove ads

တောင်ဦးရွာ

တောင်ဦး(ဖောင်ဦး)ဟူသောအမည်မှာ ရှေးမြန်မာမင်းများ ဖောင်လုရင်း ဖောင်အရင်ရသဖြင့် အစွဲပြုခေါ်ဝေါ်သည်ဟု ဆိုသည်။ တောင်ဦးရွာ၏ အရှေ့ဘက်ရှိ ရွာထိပ်တွင် ဘကြီးဖဲကန် တည်ရှိသည်။ တောင်ဦးရွာ တွင် ငါးရက်တစ်ဈေး စံပြဈေး ရှိသည်။ တောင်ဦးရွာ၏ မြောက်အရပ်တွင် အဘ အောင်မင်းခေါင်၏ မွေးရာဇာတိ ဆင်မြင့်ရွာ တည်ရှိသည်။

ပညာရေး

​တောင်ဦးရွာတွင် အခြေခံပညာ အထက်တန်းကျောင်း ရှိသည်။

လူမှုရေး

မုဒိတာ ပရဟိတ အသင်း ရှိသည်။

စီးပွားရေး

ဈေးကို အမှီပြုပြီး ကုန်သွယ်၊ အရောင်းအဝယ် လုပ်ကိုင်ကျသည်။ရွာ၏ အဓိက ထွက်ကုန်များမှာ နှမ်း၊ပဲအမျိုးမျိုး၊ဆန်စပါး၊ထန်းလျက်၊မကျီးဖြစ်သည်။

ဆက်သွယ်ရေး

ကျောက်ပန်းတောင်း မိတ္ထီလာ လမ်းမကြီး ဘေးတွင် တည်ရှိသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည်။ မန္တလေး၊မိတ္ထီလာ၊မြင်းခြံ၊ညောင်ဦး၊တောင်ကြီးနှင့် လွိုင်ကော်မြို့များသို့ ကားများရှိသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads