ထမံသီရွာ၊ ဟုမ္မလင်းမြို့နယ်

မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ ရွာ From Wikipedia, the free encyclopedia

Remove ads

ထမံသီရွာ (အင်္ဂလိပ်: Htamanthi)သည် စစ်ကိုင်းတိုင်းဒေသကြီးခန္တီးခရိုင်ဟုမ္မလင်းမြို့နယ်ထမံသီကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၆၄၆၃ ဖြစ်သည်။[]

အချက်တိုများ ထမံသီ, ထမံသီရွာ ...

ထမံသီရွာသည် ချင်းတွင်းမြစ်ရိုးတွင်တည်ရှိပြီး နာမည်ကျော်ကြား လူသိများလှပေသည်။ ရှေးယခင် ကတည်းကပင် စာပေများတွင် မှတ်တမ်းတင်ခဲ့ကြသည်။ ထမံသီရွာကို ထမန်းလူမျိုးများက တည်ထောင်ခဲ့ကြသည်ဟု မှတ်သားရသည်။ ထမံသီနယ်မြေသည် ထူးခြားသည့် ဝိသေသ ရှိခဲ့သောကြောင့် ဖြစ်သည်။ ရှေးယခင်က ထိုနယ်မြေမှ လူအချို့သည် ကျားအဖြစ် ပြောင်းလဲအောင် လုပ်နိုင်သည်ဟု ဆိုကြသည်။ ဘိုးစဉ်ဘောင်ဆက် ကတည်းက အသိစွဲ၊ အကြားစွဲ၊ ယုံကြည်စွဲနှင့် ကျားမျိုးဟု မှတ်ယူနေသော ဆွေမျိုးနွယ်များလည်း ရှိခဲ့ဘူးသည်။ ထမန်းမျိုးနွယ်မှ ကျားဖြစ်တတ်သူကို မန်းကျားဟု ခေါ်ပြီး သမန်းကျား(သို့)ထမန်းကျား ဟု လူသိပိုများကြ၏။ ဤအထက်ချင်းတွင်း၌ ခရိုင်ဝန်ဖြစ်ခဲ့သူ မစ္စတာ ဂရန့်ဘရောင်းသည် ၁၉၀၈-ခုနှစ်တွင် စာအုပ်ရေးသား ထုတ်ဝေခဲ့ဘူးသည်။ သူ၏ စာအုပ်ထဲတွင် ထမန်းလူမျိုးတို့သည် လူစင်စစ်မှ ကျားအဖြစ်သို့ ပြောင်းနိုင်ပြီး မိမိပိုင် ပစ္စည်းများကို ခိုးယူသူတို့အား ဒုက္ခပေး လက်စားချေလေ့ ရှိသည်ဟု ဖော်ပြထားဘူးသည်။ ယခုအခါတွင် သမန်းကျား ဆွေမျိုးနွယ်ဆက်တို့လည်း မရှိတော့ပေ။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads