ဓမ္မစကြမုဒြာ

From Wikipedia, the free encyclopedia

ဓမ္မစကြမုဒြာ
Remove ads

ဓမ္မစက္ကပဝတ္တနမုဒြာဟုလည်းကောင်း, ဗျာချာနမုဒြာဟုလည်းကောင်း ခေါ်သည်။

Thumb

တရားဦးကို ဟောကြားနေဟန်ဖြစ်သည်။ တရားစက်ဝိုင်း လှည်းဘီးကို လှည့်တော့မည့် ဟန်မျိုး ဖြစ်သည်။

ဥတ္တရဗောဓိမုဒြာဟန်နှင့် ဆင်တူယိုးမှားဖြစ်သည်။

လက်ျာဘက်လက်မနှင့် လက်ညှိုးတို့ကို လက်ဝဲလက်မ လက်ညှိုးတို့နှင့် ထိထားကာ လက်ျာလက်က စက်ဝိုင်းလှည်းဘီးတခုကို လည်ပတ်လှည့်ပေးတော့မည့်ဟန်မျိုးဖြင့် ရှိသည်။ လက်နှစ်ဘက်စလုံး ရင်ညွန့် အထက်နားလောက်ရောက်အောင် မြှင့်တင်ထားသည်။ များသောအားဖြင့် လက်ဝဲလက်သည် လက်ျာလက်ကို ဖုံးအုပ်ထားလေ့ရှိသည်။

ဂေါတမမြတ်စွာဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီရဟန်းများအား ဓမ္မစက္ကပဝတ္တနသုတ်ကို ဟောကြားနေဟန်ကို သရုပ်ဖော်ပြခြင်းဖြစ်သည်။ တရားဦးဟောဟန်ဖြစ်၍ အဦးအစမွန်မြတ်၍ မင်္ဂလာရှိသည်ဟု ယုံကြည်ကိုးကွယ်ကြသည်။

ပုံစံအားဖြင့် ဂျာဝါးကျွန်းမှ ပညာပါရမီတာရုပ်ပွားသည် ဓမ္မစကြမုဒြာပုံပင် ဖြစ်သည်။

ဝေရောစနရုပ်ပွား မေတ္တေယျဆင်းတုနှင့် ဂေါတမဗုဒ္ဓရုပ်ပွားဆင်းတုများကို ဤမုဒြာဖြင့် တွေ့ရသည်။

ပုဂံမြို့အပယ်ရတနာပုထိုးတော်တွင်း နံရံဆေးရေးပန်းချီများတွင် တရားဟောဟန် ဓမ္မစကြမုဒြာဖြင့် ဘုရားပုံများကို တွေ့ရှိနိုင်ပေသည်။ပုဂံမြို့ နဂါးရုံဘုရား အရှေ့ဘက် နံရံတွင်ရှိသော ရုပ်ပွားတော်များသည်လည်း ဓမ္မစကြမုဒြာဟန်ပင် ဖြစ်လေသည်။ အာနန္ဒာဘုရားတွင် ရုပ်ပွားတော်လေးဆူကို ဤ မုဒြာဖြင့် တွေ့ရှိရပါသည်။

ဂန္ဓာရ အနုပညာတွင် ဓမ္မစကြမုဒြာကို ပုံသေကားကျ မတွေ့ရသေးချေ။ တခါတရံ လက်ျာလက်ကို လှည်းဘီးစက်ဝန်းကိုင်ထားဟန်ဖြင့် တွေ့ရသည်။ တခါတရံ အဘယမုဒြာပုံ ပြုလုပ်ထားတတ်သည်။ တခါတရံ လက်ျာလက်ချောင်းများကို အတွင်းဘက်သို့ကွေးထားကာ ရင်ဘတ်ကို ထိထားတတ်သည်။ လက်ဝဲလက်မှ လက်ချောင်းများကိုစု၍ အောက်မှလက်ျာလက်ကို ထောက်ပြထားတတ်သည်။

ဂုပ္ပတာခေတ် နောက်ပိုင်းတွင် ဉာဏမုဒြာနှင့် ဗျာချာနမုဒြာ နှစ်ခုကို ပေါင်းစပ်၍ ဓမ္မစက္ကမုဒြာကို တီထွင်ခဲ့လေသည်။

ကာလေန ဓမ္မသဝနမင်္ဂလာ, ဓမ္မေသု အပ္ပမာဒမင်္ဂလ, ဓမ္မသာကစ္ဆာမင်္ဂလာ, သောဝစဿ တာမင်္ဂလာ, အရိယသစ္စာန ဒဿနမင်္ဂလာ, နိဗ္ဗာနသစ္ဆိကိရိယမင်္ဂလာများကို သရုပ်ဖော် ပြထားခြင်း ဖြစ်ပေသည်။

ဝိမုတ္တိရသ, သန္တရသတို့ကို ပေါ်လွင်စေသည်။

ပညာပါရမီ, သစ္စာပါရမီ, ဝီရိယပါရမီ စခန်းများသို့ ညွှန်ပြထားခြင်း အနက်သဘောကို ဆောင်လေသည်။

ဓမ္မစကြမုဒြာ ပါသော ရုပ်ပွားဆင်းတုကို ကိုးကွယ်သူသည် တရားထူးကို ရရှိခြင်း, ဉာဏ်ပညာ ထွန်းကားတိုးတက်ခြင်း, အမှန်တရားကို သိလွယ်မြင်လွယ်ခြင်း, ယုံမှားသံသယ ကင်းရှင်းခြင်း, သိဒ္ဓိ အမျိုးမျိုး ပြီးစီးပြည့်စုံခြင်း, ရာထူးဌာနန္တရ တိုးတက်ကြီးပွားခြင်း, ဆင်းရဲဒုက္ခ အပေါင်းမှ လွတ်ငြိမ်း ချမ်းသာခြင်း, ရန်သူများ၏ အကြံအစည် အဖျက်အဆီးတို့ကို လွှမ်းမိုး ကျော်လွှားနိုင်ခြင်း, တန်ခိုး အာဏာစက်ပြင်းပြခြင်း, တိုင်းပြည်နိုင်ငံ သာယာဝပြောခြင်း, စသောအကျိုးထူးများကို ရရှိနိုင်သည်ဟု ဝဇီရာယာနကျမ်းဂန်များ၌ အကျယ်တဝင့် ဖွင့်ဆိုထားလေသည်။

ဓမ္မစကြမုဒြာ မူကွဲပုံတူများကို နောက်ဆက်တွဲတွင် အကျယ်တဝင့် ရှင်းပြပါဦးမည်။ ပြာဋိဟာရိယမုဒြာပုံနှင့် နှိုင်းယှဉ်လေ့လာ သင့်ပါသည်။ []

[] []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads