နတ်ဇန်ရွာ၊ တွန်းဇံမြို့နယ်

From Wikipedia, the free encyclopedia

Remove ads

နတ်ဇန်ရွာ(အင်္ဂလိပ်: Nakzang)သည် ချင်းပြည်နယ်ဖလမ်းခရိုင်တွန်းဇံမြို့နယ်တွီးတွမ်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၂၁၇၉၆၂ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တွီးတွမ်းကျေးရွာအုပ်စုတွင် ကျား ၃၁၇ ဦး၊ မ ၃၆၀ ဦး၊ လူဦးရေ စုစုပေါင်း ၆၇၇ ဦး နေထိုင်သည်။ []

အချက်တိုများ နတ်ဇန်, နတ်ဇန်ရွာ ...
Remove ads

ဖြစ်ရပ်များ

၂၀၂၅ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် အိန္ဒိယ-မြန်မာနယ်စပ်တွင် အခြေစိုက်သည့် Zomi Revolutionary Army (ZRA) နှင့် စစ်ကောင်စီတပ် ပူးပေါင်းအဖွဲ့က တွန်းဇံမြို့နယ်ရှိ CNA တပ်မဟာ (၄) စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ယင်းကျူးကျော်မှုကို ချင်းအမျိုးသားတပ်မတော် (CNA) နှင့် မဟာမိတ်တပ်ဖွဲ့များက ပြန်လည်တိုက်ထုတ်နိုင်ခဲ့ပြီး ZRA တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားခဲ့သည်။ ဆုတ်ခွာသည့် လမ်းကြောင်းတစ်လျှောက်တွင် ZRA တပ်ဖွဲ့ဝင်များသည် အိမ်ခြေ ၈၀ ခန့်ရှိသော Nakzang (နတ်ဇန်) ရွာကို ဘုရားရှိခိုးကျောင်းမှ လွဲ၍ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သည်။ ဤတိုက်ခိုက်မှုသည် ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးအတွက် ယာယီအပစ်အခတ်ရပ်စဲထားချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads