နောင်လုံမြောက်ရွာ၊ ဘားအံမြို့နယ်
From Wikipedia, the free encyclopedia
Remove ads
နောင်လုံမြောမြောက်ရွာကြီး(အင်္ဂလိပ်: Naunglon(North) Ywargyi / Naunglon (Big Village)သည် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ နောင်လုံ(အရှေ့)ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၉၁၄၄ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ နောင်လုံ(အရှေ့)ကျေးရွာအုပ်စုတွင် အိမ်ခြေပေါင်း ၇၅၄ အိမ် ရှိကာ၊ လူဦးရေစုစုပေါင်း ၃၁၆၆ ဦး နေထိုင်သည်။ နောင်လုံတံတားသည် ပေ ၃၈၀ ရှည် သံကူကွန်ကရစ်အမျိုးအစား ဖြစ်ကာ ၁၉၇၆ တွင် တည်ဆောက်ပြီး၊ ကားသွားလာနိုင်သည်။ [၁]
နောင်လုံ (မြောက်ရွာ)၏ အစိုးရအသိအမှတ်ပြုအမည်မှာနောင်လုံမြောက်ရွာကြီး၊ ဒေသခံများအခေါ်မှာ နောင်လုံရွာကြီးဖြစ်သည်။
နေထိုင်သူလူဦးရေ၏ ၉၅%မှာ ပအိုဝ့် တိုင်းရင်းသားများဖြစ်ကြပြီး ကရင်လူမျိုး ၅%ခန့်သာရှိသည်။
ရွာထွက်ကုန်အဖြစ် ပိန်းဥ၊ ဝဥ နှင့် မျှစ်ချဉ်သည် ဒေသတွင်းနမည်ကြီးသည်။
ရွာ၏ ဘာသာရေးနှင့် သာရေး၊နာရေးပွဲများတွင် ရွာ၏ နမည်ကြီဟင်းလျာဖြစ်သော ပိန်းဥမျှစ်ချဉ်ဟင်းသည် မပါမဖြစ် ဖြစ်သည်။ ပွဲတော်ရက်များတွင် ရပ်ဝေးရပ်နီးမှတကူးတက ဧည့်သည်များ လာစားကြသည်။
နောင်လုံ မြောက်ရွာကြီး၏ ရွာလည်ခေါင်တွင် ရွာကို နှစ်ပိုင်းပိုင်းထားသကဲ့သို့ဖြစ်နေသော စကားဝါတောင်စောင်းတန်းသည် ရှုခင်းအလှအပများနှင့် ကရင်ပြည်နယ်အတွင်း နမည်ကျော်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads