ပအိုဝ်းဘာသာစကား
ပအိုဝ်းဘာသာ From Wikipedia, the free encyclopedia
Remove ads
ပအိုဝ်းဘာသာစကား သည် မြန်မာနိုင်ငံရှိ ပအိုဝ်းလူမျိုး ၁ သန်းကျော်ခန့် ပြောဆိုအသုံးပြုကြသော ကရင်ဘာသာစကားအုပ်စုဝင် ဘာသာစကားတစ်ခု ဖြစ်သည်။ ဒေသိယစကားများမှာ တောင်ပိုင်းပအိုဝ်းနှင့် မြောက်ပိုင်းပအိုဝ်း တို့ ဖြစ်ကြသည်။[၃]
Remove ads
အမည်များ
Ethnologue တွင် Black Karen, Northern Taungthu, Taungsu, Pa Oh, Pa-O, Pa’o Karen, Pa-U ဟူ၍ အမည်ကွဲများကို ဖော်ပြထားသည်။
ပအိုဝ်းဘာသာစကားကို "Black Karen" (ကရင်နက်) ဟူ၍ ကရင်နီ နှင့် ကရင်ဖြူ (စကောကရင်) တို့၏ ဆန့်ကျင်ဖက်အမည်အဖြစ် ကိုလိုနီခေတ်အချိန်က ခေါ်ဆိုခဲ့ကြသော်လည်း တောင်သူ (ပအိုဝ်း) တို့က ယင်းတို့အား ကရင် အမည်ဝေါဟာရဖြင့် ရည်ညွှန်းခြင်းကို လက်မခံကြပေ။[၄]Ethnologue တွင် ပအိုဝ်းဘာသာစကားကို "Black Karen" ၏ အတိုကောက် "BLK" ဖြင့် ကဏ္ဍခွဲထားသည်။[၅]
Remove ads
ပျံ့နှံ့မှု
- ရှမ်းပြည်နယ် အနောက်တောင်ပိုင်းရှိ တောင်ကြီးမြို့ပေါ်၊ အနီးဝန်းကျင်ရှိ မြို့နယ်များနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
- ကယားပြည်နယ်ရှိ လွိုင်ကော်မြို့နယ်
- ကရင်ပြည်နယ်
- မွန်ပြည်နယ်၊ သထုံမြို့အနီးဝန်းကျင်
- ပဲခူးတိုင်းဒေသကြီးရှိ တောင်ငူမြို့ ထန်းတပင်မြို့ အနီးဝန်းကျင်
ရေးထုံး
ပအိုဝ်းဘာသာစကားကို မြန်မာအက္ခရာကို အခြေခံသော ပအိုဝ်းစာပေဖြင့်ရေးသားကြသည်။ စာပေအားဖြင့် တောင်ပေါ်ပအိုဝ်းလူမျိုးသုံး ထီသိမ်စာပေ ခေါ် တောင်ကြီးစာမူ နှင့် မြေပြန့်ဒေသနေပအိုဝ်းလူမျိုးသုံး အလံတရာစာပေ ခေါ် သထုံစာမူ ဟူ၍ မူကွဲနှစ်မျိုးရှိသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads