ပဲပြား
From Wikipedia, the free encyclopedia
Remove ads
ပဲပြားဟု လူသိများသော ပဲများကို ခဲထားသည့် အစားအစာကို ပဲနို့အား စေးပျစ်စေကာ နူးညံ့ပျော့ပြောင်းသည့် အဖြူရောင်အတုံးများဖြစ်အောင် ခဲ၍ ပြုလုပ်ထားခြင်းဖြစ်ပြီး နူးညံသော၊ ပျော့သော၊ မာသော၊ ပို၍မာသော သို့မဟုတ် အလွန်မာသော ပုံစံများဖြင့် တွေ့ရနိုင်သည်။ ဤသို့ကျယ်ပြန့်သော အမျိုးအစားအများအပြင် ပဲပြားမျိုးကွဲပေါင်းများစွာကို တွေ့ရနိုင်သေးသည်။ နူးညံသော အရသာရှိသည့်အပြင် ၎င်းကို အမွှေးကဲသော ချိုသောဟင်းလျာများတွင် အသုံးပြုကြသည်။ ဟင်းနှင့် ၎င်း၏အရသာကိုက်ညီစေရန် အမွှေးအကြိုင်ခတ်ခြင်း သို့မဟုတ် နှပ်ခြင်းများ ပြုလုပ်လေ့ရှိပြီး ၎င်း၏ နူးညံသော အနေအထားကြောင့် အရသာများကို ကောင်းစွာ စုပ်ယူနိုင်သည်။[၁]
အာဟာရအရကြည့်မည်ဆိုလျှင် ပဲပြားသည် ကယ်လိုရီနည်းပါးစွာပါပြီး ပရိုတိန်းဓာတ်များစွာ ပါရှိသည်။ သံဓာတ်မြင့်မားပြီး ပြုလုပ်စဉ်၌ပါဝင်သော ခဲစေသည့် ဓာတ်ပြုပစ္စည်း(ဥပမာ၊ ကယ်ဆီယမ် ကလိုရိုက်၊ ကယ်ဆီယမ် ဆာဖိတ်၊ မဂ္ဂနီစီယမ် ဆာဖိတ်)တို့အပေါ်မူတည်၍ ကယ်ဆီယမ်နှင့် မဂ္ဂနီစီယမ် မြင့်မားစွာရရှိနိုင်သေးသည်။
ပဲပြား၏ မူလအစမှာ တရုတ်ပြည်မှဖြစ်ပြီး စားသုံးခဲ့သည်မှာ ဟန်မင်းဆက်ခေတ် လွန်ခဲ့သော နှစ် ၂,၀၀၀ ကျော်ကပင် ဖြစ်သည်။[၂] ထို့ပြင် အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် အစားအစာကဲ့သို့သော အရှေ့နှင့် အရှေ့တောင်အာရှ အစားအစာများတွင်လည်း တွေ့ရှိရသည်။[၃][၄]
Remove ads
အခြားကြည့်ရန်။
မှတ်ချက်များ
ကိုးကား
ဆက်လက်ဖတ်ရှုရန်
ပြင့်ပလင့်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads