ဘားကပ်ရွာ၊ ဘားအံမြို့နယ်

From Wikipedia, the free encyclopedia

Remove ads

ဘားကပ်စံပြကျေးရွာ(အင်္ဂလိပ်: Barkat)သည် ကရင်ပြည်နယ်ဘားအံခရိုင်ဘားအံမြို့နယ်ဘားကပ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၆၉၁၉၆ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဘားကပ်ကျေးရွာအုပ်စုတွင် အိမ်ခြေပေါင်း ၁၁၂၈ အိမ် ရှိကာ၊ လူဦးရေစုစုပေါင်း ၅၃၈၇ ဦး နေထိုင်သည်။ ဘားကပ်စံပြကျေးရွာတွင် ဘုန်းတော်ကြီးကျောင်း(၄)ကျောင်းရှိသည်။ သံလွင်တံတား(ဘားအံ)သည် ဘားကပ်ကျေးရွာနှင့် တရုတ်လှကျေးရွာပေါ်တွင်တည်ရှိသည်။ ဘားကပ်စံပြကျေးရွာ ဘားကပ်ကျောင်းကြီးကျောင်းတိုက်တွင်းရှိ လင်းနို့ဂူမှာ ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်နိုင်သောနေရာတစ်ခုဖြစ်သည်။ ဘားကပ်စံပြကျေးရွာတွင် ရိုးရာ၃၇မင်း မီးနင်းပဒေသာကပွဲကို ဆင်နွှဲကျင်းပလေ့ရှိပြီး အနီးတဝိုက်ရွာများမှ ပွဲကြည့်ရှုသူများနှင့် အလွန်ပင်စည်ကားပါသည်။ ဘားကပ်စံပြကျေးရွာတွင်တည်ရှိသော ကွန်ပျူတာတက္ကသိုလ်(ဘားအံ)သည် ၄၁.၁၃ ဧက ကျယ်ဝန်းသည်။ ဆရာမ ၅၀၊ ကျောင်းသား/သူ ၁၀၀ ကျော် ရှိသည်။ ဘားကပ်ကျေးရွာသည် အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲအပြီး ၁၈၆၆ခုနှစ်တွင် မြို့အဆင့်သို့တိုးမြှင့်ခြင်း ခံခဲ့ရပါသည်။ ထိုစဉ်က ဘားကပ်မြို့၏ လက်အောက်ခံရွာများတွင် ဘားအံရွာကြီးပင် ပါဝင်ပါသည်။ []

အချက်တိုများ ဘားကပ်, ဘားကပ်ရွာ ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads