ဘူသီးကျင်းရွာ၊ နွားထိုးကြီးမြို့နယ်
From Wikipedia, the free encyclopedia
Remove ads
ဘူသီးကျင်းရွာ (အင်္ဂလိပ်: Butheekyin)သည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ သမင်ဘေးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၁၆၃၅ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ သမင်ဘေးကျေးရွာအုပ်စုတွင် ကျား ၁၀၂၂ ဦး၊ မ ၁၁၇၅ ဦး၊ လူဦးရေ စုစုပေါင်း ၂၁၉၇ ဦးနေထိုင်သည်။ [၁]
ဘူးသီးကျင်းကျေးရွာတွင် အရှေ့ဘက်တွင် အမကကျောင်း ရှိပြီး အရှေ့တောင်ဘက်တွင် ရွှေရတနာကျောင်း အနောက်တောင် မကျတကျတွင် ရှေးဟောင်းဘုရား တည်ရှိပြီး လည်းကောင်းနှင့် လမ်းခြားကာ အနောက်ဘက်မှ မူလသစ်ကြီးပင်ကျောင်း ရှိပါသည်၊[၁]
ရွှေရတနာကျောင်းတိုက်တာတွင် အဆက်ဆက် ဆရာတော်များရဲ့ ကြောင့်ကျစိုက်မှုအရ ဘာသာရေး အဆောက်အဦ အနေဖြင့် ကိုးတောင့်ပြည့် အေးစေတီ ရွှေရတနာကျောင်းကြီး အနောက်ဘက်ကပ်လျက် စိန်ရွှေကတနာ ဆွမ်းစားကျောင်း ရှိပါသည်၊
ကျောင်းမျက်နှာပြင်ဘက်တွင် ဇရပ်အသီးသီး ရှိကြပြီး ဘုရားကုန်းတော်နှင့် တဆက်တည်းတွင် အဝီစိရေတွင်းနှင့် ကျောက်စည်ကန် ရှိပါသည်၊
လည်းကောင်းကျောက်စီကန်အထက်တွင် ဆိုလာစနစ် ရေတင်ဖို့ ဆိုလာများ အနောက်ဘက်တွင် မီးခလုပ်များ တပ်ဆင်ထားပါသည်၊
ကုန်းတော်ကဲ့ အောက်ဘက်မှာ ခေတ်ဉ်မောင်မယ် ပန်းခြံ ရှိပြီး ဘုရားအနီးတွင် ခဏ္ဍသိမ်တော် တည်ရှိပါသည်၊
ကျောင်းတော်ကြီးက အခါကြီးရက်ကြီးများတွင် ဥပုသ်သီတင်းသည် လူစုဖို့ မလောက်ငသည့်အတွက် တောင်ဘက်ကပ်လျက် တွဲပြီးသကာလ စလစ်ပြင်လောင်းပြီး မြေတိုက် အထက်နှစ်ထပ် အပေါ်ဆုံးကိုလည်း စလစ်ပြင်လောင်း၍ ဘုရားစေတီ စသည်ကို ကူဇော်ရအောင် စီမံမည်ဟု သိရပါသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads