နွားထိုးကြီးမြို့နယ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် From Wikipedia, the free encyclopedia

နွားထိုးကြီးမြို့နယ်
Remove ads

နွားထိုးကြီးမြို့နယ် သည် မြန်မာနိုင်ငံမန္တလေးတိုင်းဒေသကြီးမြင်းခြံခရိုင်တွင် တည်ရှိသည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ နွားထိုးကြီးမြို့ဖြစ်သည်။

အချက်တိုများ နွားထိုးကြီးမြို့နယ်, နိုင်ငံ ...
Remove ads

သမိုင်း​ကြောင်း

သက္ကရာဇ် ၇၆၃ခု၊ အင်းဝပထမမင်းဆက် မင်းကြီးစွာ​ဆော်ကဲ လက်ထက်တွင် နွားဓိုရ်ရွာအဖြစ် တည်ရှိကာ ​ကျောက်စာအရ နွား+ဓိုရ်=နွား+ဓူဝ= နွားများကို ထိန်း​ကျောင်း​လေ့ကျင့်​သောရွာဟု သု​တေသီများကဆိုကြသည်။ အချို့ကလည်း နွားများဖြင့် အသက်​မွေး၍ တိုးတက်ကြီးပွားလာ​သော​ကြောင့် နွားတိုးဟုလည်း​ခေါ်ကြသည်။ ကာလကြာ​သော် နွားဓိုရ်၊ နွားတိုးမှ နွားထိုးကြီးဟု ​ခေါ်​ဝေါ်သုံးစွဲခြင်း ဖြစ်လာနိုင်​ကြောင်း ​ကောဇာသက္ကရာဇ် ၁၂၆၇ခုနှစ်၊ ရှင်ပင်သာဒွန်းဦးဘုရား ​ခေါင်း​လောင်းစာအရ ​သိရသည်။၃၁.၈.၁၉၇၂ခုနှစ်တွင် နွားထိုးကြီးမြို့နယ်ကို စတင်ဖွဲ့စည်းခဲ့သည်။[]

Remove ads

ပထဝီဝင်အ​နေအထား

မြောက်လတ္တီတွဒ် (၂၁)ဒီဂရီ (၁၇)မိနစ် (၃၄)စက္ကန့် နှင့် (၂၁)ဒီဂရီ (၃၈)မိနစ် (၄၂)စက္ကန့် အတွင်း၊ အရှေ့လောင်ဂျီတွဒ် (၉၅)ဒီဂရီ (၂၇)မိနစ် (၅၄)စက္ကန့် နှင့် (၉၅)ဒီဂရီ (၅၈)မိနစ် (၃၂)စက္ကန့် အတွင်းတည်ရှိသည်။ အရှေ့နှင့်အနောက် (၃၀)မိုင် (၃)ဖာလုံ၊ တောင်နှင့်မြောက် (၂၂)မိုင် (၂)ဖာလုံ ကျယ်ဝန်းပြီး ဧရိယာ စတုရန်းမိုင် (၄၈၁၂၀) ကျယ်ဝန်းသည်။

နယ်နိမိတ်

နွားထိုးကြီးမြို့နယ်၏ အနောက်ဘက်တွင် မြင်းခြံမြို့နယ်၊ မြောက်ဘက်တွင် ငါန်းဇွန်မြို့နယ်တံတားဦးမြို့နယ် အရှေ့ဘက်တွင် မြစ်သားမြို့နယ် နှင့် တောင်ဘက်တွင် ဝမ်းတွင်းမြို့နယ်မလှိုင်မြို့နယ်နှင့် တောင်သာမြို့နယ်တို့တည်ရှိသည်။

​မြေမျက်နှာသွင်ပြင်

နွားထိုးကြီးမြို့နယ်သည် ပင်လယ်​ရေမျက်နှာပြင်အထက် ၇၅၅​ပေအထက်တွင် တည်ရှိသည်။​မြေမျက်နှာသွင်ပြင်မှာ ညီညာပြန့်ပြူးခြင်းမရှိဘဲ ကုန်းမြင့်ချိုင့်ဝှမ်းနှင့် ဆင်​ခြေ​လျောများ ဖြစ်​ပေါ်ကာ လှိုင်းတွန့်သဏ္ဌာန် တည်ရှိသည်။ နွားထိုးကြီးမြို့နယ်အတွင်း ​ချောင်းအနည်းငယ်သာ စီးဆင်းသည်။

Remove ads

လူဦးရေ

နွားထိုးကြီးမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ဗမာလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ရှမ်း၊ကရင်နှင့် ကချင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ဗုဒ္ဓဘာသာကို အများဆုံး ကိုးကွယ်ကာ အစ္စလာမ်ဘာသာ ကိုးကွယ်သူ အနည်းငယ်ရှိသည်။[]

စီးပွား​ရေး

နွားထိုးကြီးမြို့နယ်သည် မန္တ​လေးတိုင်းအတွင်းရှိ စီးပွား​ရေးဖွံ့ဖြိုးတိုးတက်မှုနည်းပါး​​သော မြို့နယ်ဖြစ်သည်။ မြို့နယ်အတွင်းရှိ လူထုသည် စိုက်ပျိုး​ရေးလုပ်ငန်းကို အဓိကထားကာ လုပ်ကိုင်ကြသည်။​အဓိက စိုက်ပျိုးသီးနှံများမှာ ဝါဂွမ်း၊ ထန်းနှင့် ပဲအမျိုးမျိုးဖြစ်သည်။ အရည်အသွေးကောင်းမွန်သော သက်တမ်းရင့် အင်ကြင်းကျောက် ထွက်ရှိရာဒေသလည်း ဖြစ်သည်။ မွေးမြူ​ရေးလုပ်ငန်းကိုလည်း စီးပွားဖြစ် လုပ်ကိုင်ကြသည်။ မြို့နယ်၏ အဓိကထွက်ကုန်မှာ ပဲမျိုးစုံနှင့် ထန်းလျက်တို့ဖြစ်ကာ ရန်ကုန်န​ှင့် မန္တ​လေးမြို့များသို့ တင်ပို့​ရောင်းချသည်။ မန္တ​လေးနှင့် မြင်းခြံတို့မှ လူ့သုံးကုန်ပစ္စည်းများ အဓိကတင်သွင်းသည်။ နိုင်ငံပိုင် ဝါကြိတ်စက်ရုံရှိ​သော်လည်း ၂၀၁၂-၂၀၁၃ဘဏ္ဍာနှစ်မှစတင်ကာ လုပ်ငန်းရပ်ဆိုင်းထားသည်။ ပုဂ္ဂလိက အလုပ်ရုံ၃ရုံ၊ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၄၈ခု တည်ရှိသည်။

​ဈေးများ

  • နွားထိုးကြီးမြို့မစည်ပင်သာယာ​ဈေး
Remove ads

ပို့​ဆောင်ဆက်သွယ်​ရေး

နွားထိုးကြီးမြို့နယ်သည် အခြား​ဒေသများသို့ ကုန်းလမ်းဖြင့်သာ ဆက်သွယ်နိုင်ပြီး လမ်းပန်းဆက်သွယ်​ရေး​ကောင်းမွန်သည်။ မြင်းခြံ-မန္တလေး ကားလမ်းမနှင့် ပုဂံ-မန္တလေး မီးရထားလမ်းပေါ်တွင် တည်ရှိပြီး မြင်းခြံမြို့မှ အရှေ့ဘက် ၁၉ မိုင်ကွာဝေးပါသည်။

ယခုအခါ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကို နွားထိုးကြီးမြို့၏ အရှေ့ဘက် ပြင်စည်ကျေးရွာအနီးမှ ဖြတ်သန်းဖောက်လုပ်ထားသည်။ ခရိုင်ချင်းဆက်လမ်းမှ တစ်ဆင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တိုက်ရိုက်ရောက်ရှိနိုင်သည်။

Remove ads

ပညာ​ရေး

အ​ခြေခံပညာ

အထက

အထက်တန်းကျောင်း ၉ကျောင်းရှိသည်။

  • အထက နွားထိုးကြီး
  • အထက မြို့မ
  • အထက ပြင်စည်
  • အထက ဝက်လူး
  • အထက ကနား
  • အထက လက်ဝဲ+မြင်းနီ
  • အထက ဆူးဖြူကုန်း
  • အထက ရွာကြီး
  • အထက လုံး​တော
  • အထက အိုးပုံ​တော
  • အထက ကြာပင်အိုင်

အထက(ခွဲ)/အလက

  • အလက (ထ(ခွဲ)) ပဲချက်
  • အလက (ထ(ခွဲ)) မင်းရွာ
  • အလက (ထ(ခွဲ)) ဇေဒိတ်
  • အလက (ထ(ခွဲ)) ဘုံသာ
  • အလက (ထ(ခွဲ)) မကျီးကန်
  • အလက (ထ(ခွဲ)) ကျွန်း​ဒေါင့်
  • အလက (ထ(ခွဲ)) ​လျော်ဖြူ
  • အလက (ထ(ခွဲ)) မျက်ရှု
  • အလက (ထ(ခွဲ)) ​​ဒေါင့်ဘိုး
  • အလက (ထ(ခွဲ)) က​​​ဒေါင်
  • အလက (ထ(ခွဲ)) ဇီး​တော
  • အလက (ထ(ခွဲ)) မလည်
  • အလက ပ​ဒေါင်း
  • အလက နနွင်း​တော်ဘိုး
  • အလက တပါယ်
  • အလက နဘဲမြစ်
  • အလက လက်ပံ
  • အလက ဆား​တောင်

​*အလက ကျောက်တန်း​

  • အလက ညောင်ပင်ရွာ
  • အလက ကန်ကြီး
  • အလက ထန်း​တောမ

​*အလက ဖောင်ချဉ်း

  • အလက ရွာသာ​အေး

အမက

မူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၃၀ကျောင်းရှိသည်။

Remove ads

ကျန်းမာ​ရေး

  • နွားထိုးကြီး မြို့နယ်​ဆေးရုံ
  • ဝက်လူး တိုက်နယ်​ဆေးရုံ
  • သူစိုး တိုက်နယ်​ဆေးရုံ
  • ကနား တိုက်နယ်​ဆေးရုံ

ထင်ရှား​​သော​နေရာများ

နွားထိုးကြီးမြို့၏ အထင်ရှားဆုံးသော တန်ခိုးကြီးဘုရားမှာ ရှင်ပင်သာထွန်းဦးဘုရား ဖြစ်သည်။ ဘုရားပူဇနိယပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း (၁) ရက်နေ့မှ တန်ပို့တွဲလပြည့်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပါသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads