ဘဲမျိုးရင်းဝင် ငှက်များ

From Wikipedia, the free encyclopedia

ဘဲမျိုးရင်းဝင် ငှက်များ
Remove ads

ဘဲမျိုးရင်းဝင် ငှက်များသည် သိပ္ပံအမည် "အန်နတ္တိဒီး" (Anatidae) ဟုခေါ်သော ဇီဝမျိုးရိုးတူသည့် ငှက်များကို စုဖွဲ့၍ အမည်ပေးထားသည့် ငှက်မျိုးရင်း အမည်တစ်ခုဖြစ်သည်။ ၎င်းမျိုးရင်းဝင် ငှက်များသည် အများအားဖြင့် ရေငှက်မျိုးဖြစ်သော ဘဲနှင့် တူသော (သို့) ဘဲပုံစံကဲ့သို့ အလားသဏ္ဌာန်ရှိသော ငှက်များဖြစ်သည့် ဘဲမျိုးကွဲများ၊ ဘဲငန်းများ၊ ငန်းများပါဝင်သည်။ ဘဲမျိုးရင်းဝင်ငှက်များသည် အန္တာတိကမှလွဲ၍ တိုက်ကြီးများအားလုံးတွင် နေထိုင်ကျက်စားကြသည်ကို တွေ့နိုင်သည်။ ဤငှက်များ၏ ကိုယ်လုံး၊ ခြေထောက်၊ ခေါင်း စသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများသည် ရေကူးရန် ၊ ရေမျက်နှာပြင်ပေါ်တွင် ပေါလောမျောပါရန်နှင့် အချို့နေရာများ၌ အနည်းဆုံး ရေတိမ်တွင်ရေငုပ်ရန် အဆင်ပြေစေရန် ဖွဲ့စည်းတည်ဆောက်ထားသော ပုံသဏ္ဌာန်ရှိကြသည်။ မျိုးရင်းထဲတွင် မျိုးစိတ် ၁၇၄ မျိုးပါဝင်သော မျိုးစု ၄၃ မျိုးရှိသည်။

အချက်တိုများ ဘဲမျိုးရင်းဝင် ငှက်များ(အင်္ဂလိပ်: Anatidae) Temporal range: Oligocene ခေတ်ဦး – လက်ရှိခေတ်, မျိုးရိုးခွဲခြားခြင်း ...
Remove ads

ဘဲမျိုးရင်းဝင်များ နှင့် လူသားများ အခန်းကဏ္ဍ

Thumb
ဘဲခေါင်းစိမ်းသည် အိမ်မွေးဘဲများ၏ မူလဘိုးဘေးမျိုးစိတ်ဆိုသည်ကို သတ္တဗေဒနှင့် မျိုးရိုးခွဲခြားသည့် ပညာရှင် အများစုက လက်ခံယုံကြည်ထားသည်။ (ဘဲငှက်မောင်နှံ)

ဘဲ၊ ငန်းတို့၏ အမွေးတို့သည် အိပ်ရာခင်းများ၊ ခေါင်းအုံးများ၊ လက်ကိုင်အိတ်များနှင့် အနွေးထည်အင်္ကျီများအပြင် အားကစားသုံးပစ္စည်းတစ်ခုဖြစ်သော ကြက်တောင်တို့ကို ပြုလုပ်ရန် အသုံးပြုခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်သည်။ ဤမျိုးရင်းဝင် ငှက်များကို အစားအစာအတွက် မွေးမြူခဲ့သည်မှာလည်း နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်၏။

လူသားများအတွက် ဘဲများ၊ ငန်းများသည် စီးပွားရေးအရရော ယဉ်ကျေးမှုအရပါ အရေးပါပြီး ဘဲမျိုးစိတ်များစွာသည် လူသားများမှ မွေးမြူခဲ့သည့်အတွက် ယုံကြည်စိတ်ချရသော အစာအရင်းအမြစ် ရရှိခဲ့ကြသည်။ သို့သော်လည်း အချို့သော ဘဲမျိုးကွဲများသည် စိုက်ပျိုးရေး၌ အသုံးပြုရန် မွေးမြူထားသော တိရစ္ဆာန်များအတွက် ကြက်ငှက်တုပ်ကွေး ကဲ့သို့သော ပိုးမွှားများသယ်ဆောင်သူအဖြစ် လုပ်ဆောင်ကြသည်။

Remove ads

ဓာတ်ပုံပြခန်း

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads