တိုက်

အလွန်ကြီးမားသောမြေထုဧရိယာ From Wikipedia, the free encyclopedia

တိုက်
Remove ads

ကမ္ဘာ့မြေမျက်နှာသွင်ပြင် အနေအထားအရသာမက လူသားမျိုးနွယ်တို့၏ စရိုက်ကိုပါလိုက်၍ အပိုင်းပိုင်းခွဲကာ သတ်မှတ်ထားသည့် အကြီးဆုံး နယ်နိမိတ်သတ်မှတ်ချက်ကို တိုက် ဟု​ခေါ်သည်။ ပထဝီဝင်ဘာသာရပ်အရ အဓိကသတ်မှတ်ချက်မှာ ကြီးမားကျယ်ပြန့်သည့် ကုန်းမြေရှိရမည်ဖြစ်ပြီး တစ်ခုနှင့် တစ်ခုမှာ ရေပြင်(သမုဒ္ဒရာ)များဖြင့် ပိုင်းခြားထားရမည်ဖြစ်သည်။ ထိုသို့အားဖြင့် ကမ္ဘာကြီးအား တိုက်ကြီး ခုနှစ်တိုက် အဖြစ် ခွဲခြားရှုမြင်လေ့လာနိုင်သည်။ ၎င်းတို့မှာ (အရွယ်အစားကြီးရာမှ ငယ်ရာသို့) -

  1. အာရှတိုက်
  2. အာဖရိကတိုက်
  3. မြောက်အမေရိကတိုက်
  4. တောင်အမေရိကတိုက်
  5. အန္တာတိကတိုက်
  6. ဥရောပတိုက် နှင့်
  7. ဩစတြေးလျတိုက်

တို့ ဖြစ်ကြသည်။[]

Thumb
တိုက်ကြီးများပြ မြေပုံ

"လူအများစုအနေဖြင့် အာရှ၊ အာဖရိက၊ မြောက်အမေရိက၊ တောင်အမေရိက၊ အန္တာတိက၊ ဥရောပနှင့် ဩစတြေးလျ ဟူ၍ တိုက်ကြီး (၇) တိုက်အဖြစ် မှတ်ယူကြသော်လည်း တစ်ခါတစ်ရံတွင် ဥ​ရောပတိုက်နှင့် အာရှတိုက်ကို ပေါင်း၍ ယူ​ရေးရှား (အင်္ဂလိပ်: Eurasia) ဟု အမည်ရသည့် တိုက်ကြီးတစ်ခုတည်းအ​နေဖြင့် ​ခေါ်ဆိုသုံးနှုန်း​လေ့ရှိကြသည်။"

Remove ads

တိုက် အရေအတွက်

တိုက် အရေအတွက်နှင့်ပတ်သက်၍ ကမ္ဘာ့ နေရာဒေသအသီးသီးတွင် အောက်ပါဇယာအတိုင်း အမျိုးမျိုးသတ်မှတ်ကြသည် -

နောက်ထပ် အချက်အလက်များ Models ...
Remove ads

ဧရိယာ အကျယ်အဝန်းနှင့် လူဦးရေ

အောက်ဖော်ပြပါဇယားသည် တိုက်ကြီးတစ်ခုခြင်းစီ၏ ဧရိယာနှင့် လူဦးရေများကို နှိုင်းယှဉ်ပြသထားခြင်းဖြစ်သည်။ (ဧရိယာများရာမှ နည်းရာသို့ စဉ်ထားသည်။)[၁၃]

နောက်ထပ် အချက်အလက်များ တိုက်, ဧရိယာ (km²) ...

တိုက်အားလုံး၏ ကုန်းမြေဧရိယာစုစုပေါင်းမှာ ၁၄၈,၆၄၇,၀၀၀ စတုရန်းကီလိုမီတာ (၅၇,၃၉၃,၀၀၀ စတုရန်းမိုင်) ဖြစ်ပြီး၊ ကမ္ဘာ့မျက်နှာပြင် (၅၁၀,၀၆၅,၆၀၀ စတုရန်းကီလိုမီတာ သို့ ၁၉၆,၉၃၇,၄၀၀ စတုရန်းမိုင်) ၏ ၂၉.၁% ဖြစ်သည်။

Thumb
ဧရိယာ (၁ စတုရန်းကီလိုမီတာလျှင် လူဦးရေ ၁၀ သန်းနှုန်း) နှင့် လူဦးရေ (၁ ဘီလီယံ အားဖြင့်) နှိုင်းယှဉ်ပြသထားပုံ

တိုက်အားလုံး၏ အကြမ်းဖျင်းခန့်မှန်းထားသည့် လူဦးရေစုစုပေါင်းမှာ ၇,၀၀၀,၀၀၀,၀၀၀ ဖြစ်သည်။

Remove ads

ကမ္ဘာပေါ်ရှိ တိုက်အမည်များ၏ ထူးခြားချက်

ကမ္ဘာပေါ်တွင် တိုက်ကြီး ၇ တိုက်အဖြစ် တရားဝင် သတ်မှတ်ထားကြပြီး အဆိုပါ တိုက်ကြီး ၇ တိုက်၏ အမည်များကို အင်္ဂလိပ်လို မှတ်ခေါ်ရာတွင် တိုက်အမည်၏ အရှေ့ဆုံး အက္ခရာနှင့် နောက်ဆုံးပိတ် အက္ခရာတို့မှာ ထူးခြားစွာ တူညီနေသည်ကို တွေ့ရသည်။

  1. Asia (အာရှတိုက်)
  2. Africa ( အာဖရိကတိုက်)
  3. America (North) (မြောက်အမေရိကတိုက်)
  4. America (South) (တောင်အမေရိကတိုက်)
  5. Antarctica (အန္တာတိက တိုက်)
  6. Europe (ဥရောပတိုက်)
  7. Australia (ဩစတြေးလျတိုက်)

အာရှတိုက်

အကြီးမားဆုံး တိုက်မှာ အာရှတိုက်ဖြစ်သည်။ ဧရိယာစုစုပေါင်းမှာ ၄၃,၈၁၀,၅၈၂ စတုရန်းကီလိုမီတာ (၁၅,၉၁၅,၃၆၀.၃ စတုရန်းမိုင်) ရှိပြီး ကမ္ဘာ့ ကုန်းမြေအကျယ်အဝန်း၏ ၃၀ ရာခိုင်နှုံးမျှ ရှိကာ ကမ္ဘာ့မြေ၏ ၈.၆ ရာခိုင်နှုံး ရှိသည်ဟုသိရသည်။ နိုင်ငံ ၄၂ နိုင်ငံက အာရှတိုက်ဟူသည့် နယ်ပယ်အတွင်းတွင် တည်ရှိနေပြီး ဒေသကို အလယ်အာရှ(၅နိုင်ငံ)၊အရှေ့အာရှ(၆နိုင်ငံ)၊ အနောက်အာရှ(၁၂နိုင်ငံ)၊ တောင်အာရှ(၈နိုင်ငံ)၊ အရှေ့တောင်အာရှ(၁၁နိုင်ငံ) ဟူ၍ခွဲခြားထားသည်။

အလယ်အာရှ

အလယ်အာရှ ၅ နိုင်ငံမှာ

  1. ကာဇတ်စတန်
  2. ကာဂျစ္စတန်
  3. တာဂျစ္စတန်
  4. တာမင်နစ္စတန် နှင့်
  5. ဥဇ္ဇဘကစ္စတန် တို့ဖြစ်ကြသည်။

အရှေ့အာရှ

အရှေ့အာရှတွင် ၆ နိုင်ငံရှိလေရာ ၎င်းတို့မှာ

  1. တရုတ် (ဟောင်ကောင်နှင့် မကာအိုအပါအဝင်)
  2. ဂျပန်
  3. တောင်ကိုရီးယား
  4. မြောက်ကိုးရီးယား
  5. မွန်ဂိုးလီးယား
  6. ထိုင်ဝမ် (တရုတ်ထိုင်ပေအဖြစ်သာတရုတ်ကခေါ်ပြီး ခွဲထွက်ရန်ကြိုးစားနေသည့်ဒေသအဖြစ် သတ်မှတ်သည်။ သို့သော် သီးခြားသံတမန်ဆက်ဆံမှုများ၊ စစ်တပ်၊ အစိုးရ၊ ပြည်သူ၊ နယ်နမိတ်အကျယ်အဝန်း စသည်တို့ရှိသည့်အတွက် ၎င်းအားနိုင်ငံစာရင်းတွင် ထည့်သွင်းထားရသည်။)

အနောက်အာရှ

အနောက်အာရှ ၁၂ နိုင်ငံမှာ

  1. ကွာတာ
  2. အစ္စရေး
  3. တူရကီ
  4. အီရန်
  5. ဆော်ဒီအာရေးဗီးယား
  6. အိုမန်
  7. အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)
  8. ဂျော်ဒန်
  9. ယီမင်
  10. ကူဝိတ်
  11. လက်ဘနွန်
  12. ဆီးရီးယား တို့ဖြစ်သည်။

အစ္စရေးမှာ အစက အာရှတိုက်တွင်ပါဝင်သော်လည်း နောင်တွင် ဥရောပတိုက်သို့ ပြောင်းရွေ့စာရင်းသတ်မှတ်သည်။

တောင်အာရှ

တောင်အာရှ ၈ နိုင်ငံမှာ

  1. အိန္ဒိယ
  2. သီရိလင်္ကာ
  3. ဘင်္ဂလားဒေ့ရှ်
  4. နီပေါလ်
  5. ဘူတန်
  6. ပါကစ္စတန်
  7. အာဖဂန်နစ္စတန်
  8. မာတီဗီးစ် တို့ဖြစ်သည်။

မူလက အရှေ့ နှင့်အနောက် ပါကစ္စတန်နိုင်ငံအဖြစ် အိန္ဒိယနှင့်အတူ အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးရခဲ့သော်လည်း နောင်တွင် အရှေ့ပါကစ္စတန်က အနောက်ပါကစ္စတန်မှ ခွဲထွက်ပြီး ဘင်္ဂလားဒေ့ရှ် အဖြစ်တည်ထောင်ခဲ့သည်။

အရှေ့တောင်အာရှ

အရှေ့တောင်အာရှ ၁၁ နိုင်ငံမှာ

  1. မြန်မာ
  2. ထိုင်း
  3. မလေးရှား
  4. စင်္ကာပူ
  5. ဗီယက်နမ်
  6. အင်ဒိုနီးရှား
  7. ကမ္ဘောဒီးယား
  8. လာအို
  9. ဖိလစ်ပိုင်
  10. ဘရူနိုင်း
  11. အရှေ့တီမော (တီမောလက်စတစ်) တို့ဖြစ်သည်။
Remove ads

ကျမ်းကိုး

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads