မရမာ လူမျိုး
From Wikipedia, the free encyclopedia
Remove ads
မာရမာ(အင်္ဂလိပ်: Marma)လူမျိုးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ စစ်တကောင်းတောင်တန်းဒေသ နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ တောင်တန်းများတွင် အခြေချနေထိုင်သော တိဗက်-ဗမာအုပ်စုဝင် လူမျိုးစုတစ်ခုဖြစ်သည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ တရားဝင် သတ်မှတ်ထားသော မျိုးနွယ်စု(၁၃၅)မျိုးတွင် ပါဝင်သည်။
ဘုရင့်နောင်၏အရိုက်အရာကို ဆက်ခံသည့်သားတော် နန္ဒဘုရင်လက်ထက်တွင် ဟံသာဝတီထီးနန်းသည် ရခိုင်မင်းနှင့် တောင်ငူမင်းတို့ ပူးပေါင်းတိုက်ခိုက်သဖြင့် ပျက်စီးသွားခဲ့ရ၏။ ရခိုင်တို့သည် ကမ္ဘောဇသာဒီနန်းတော်ကို မီးရှို့ဖျက်ဆီးပြီး ဘုရင့်နောင်၏ ဆွေတော်မျိုးတော် မင်းညီမင်းသားများကို ရခိုင်၊ ထိုမှတဆင့် ထိုအချိန်က ရခိုင်ပိုင် ဘင်္ဂလားနယ်၊ စစ်တကောင်းဒေသသို့ ပို့ဆောင်ခဲ့သည်။ ထိုသူတို့မှဆင်းသက်ပေါက်ဖွားလာကြသူများကို မရမာဟုခေါ်ဆိုကြပြီး ယခုအခါတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ အထင်အရှားနေထိုင်လျက်ရှိကြသေးသည်။[၁]
Remove ads
ဘာသာစကား
မရမာဘာသာစကားသည် တရုတ်-တိဗက်ပင်မအုပ်စုကြီး၏ တိဗက်-ဗမာအုပ်စုမှ လိုလို-ဗမာဘာသာစကားတွင်ပါဝင်သော ဗမာနွယ်ဘာသာစကားများ မှ ဗမာဘာသာစကား၏ ဒေသိယသံတစ်ခုဖြစ်သည်ဟု ဘာသာဗေဒပညာရှင်များက ဆိုထားသည်။ ရခိုင်လေသံဝဲနှင့်တိုက်ရိုက် ဆက်နွယ်မှုရှိပြီး အသံထွက်နှင့် အချို့ သဒ္ဒါပုံစံများ တူညီနေသည်။[၂][၃]
မျိုးရိုးဗီဇ
မျိုးရိုးဗီဇသုတေသနများအရ မရမာတို့သည် တိဗက်-ဗမာလူမျိုးများ၏ ဗမာအုပ်စုနီးစပ်ရာ မှာပါဝင်ပြီး ဗမာလူမျိုး၊ ရခိုင်လူမျိုးတို့နှင့် သွေးဆက်အသွယ်အဆက် တိုက်ရိုက်ရှိကြသည်။ Y-DNA Haplogroup အနက်တွင် O-M175 (အရှေ့အာရှနှင့် တိဗက်-ဗမာမျိုးနွယ်များအတွင်း တွေ့ရသည့် မျိုးရိုးဗီဇ) ပိုများပြီး၊ တချို့တွင် R1a(အိန္ဒိယသက်ရောက်မှု) ကိုလည်း တွေ့နိုင်သည်။[၄][၅]
ယဉ်ကျေးမှု
မရမာတို့သည် ယဉ်ကျေးမှုအနက် ရခိုင်လူမျိုးနှင့် အလွန်နီးစပ်ပြီး၊ အဝတ်အစား၊ အိမ်ရာပုံစံ၊ ပွဲတော်ပုံစံများမှာ တူညီမှုများစွာ တွေ့ရသည်။ ထေရဝါဒဗုဒ္ဓဘာသာ ကို အဓိကကိုးကွယ်ကြပြီး မြန်မာနိုင်ငံနှင့် တူညီသောရေကစားပွဲတော်များကို ကျင်းပကြသည်။[၆][၇]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads