မအူတောရွာ၊ ဒိုက်ဦးမြို့နယ်

From Wikipedia, the free encyclopedia

Remove ads

မအူတောရွာ (အင်္ဂလိပ်: Maautaw)သည် ပဲခူးတိုင်းဒေသကြီး (အရှေ့)ပဲခူးခရိုင်ဒိုက်ဦးမြို့နယ်ဆာပါခြုံကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၉၃၈၃ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဆာပါခြုံကျေးရွာအုပ်စုတွင် ကျား ၁၃၈၅ ဦး၊ မ ၁၄၇၃ ဦး၊ လူဦးရေ စုစုပေါင်း ၂၈၅၈ ဦးနေထိုင်သည်။ []

အချက်တိုများ မအူတော, မအူတောရွာ ...
Remove ads

ပညာရေး

အခြေခံပညာသင်ကြားရာတွင် မူလွန်ကျောင်းတစ်ကျောင်းရှိပြီး ထိုကျောင်းတွင် နိုင်ငံတော်မှ သင်ရိုးညွန်းတန်းများအပြင် ပအိုဝ်းတိုင်းရင်းသားဘာသာ စာပေပါ သင်ကြားပေးလျက်ရှိသည်။

ဘာသာရေး

အများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး ခရစ်ယာန် အနည်းစုရှိသည်။ ရွာဦးတွင် မ,အေးအောင်တော်မူ ဘေးမဲ့ကျောင်းရှိပြီး ဘုန်ကြီးကျောင်းဝန်းတွင်းတွင် အရိယာဓာတ်ပေါင်းစုံစေတီတစ်ဆူ နှင့် ကိုးတောင်ပြည့် ဗုဒ္ဓရုပ်ပွားတစ်ဆူရှိသည်။ ကျေးရွာတွင်း အများစုမှာ ပအိုဝ်းလူမျိုးများ နေထိုင်ကြပြီး ဗမာ နှင့် ကရင် လူမျိုးများလည်းနေထိုင်ကြသည်။

Thumb
မ,အေးအောင်တော်မူဘေးမဲ့ကျောင်း

စီးပွားရေး

ကျေးရွာတွင်းလူအများ၏သက်မွေးလုပ်ငန်းမှာ လယ်ယာလုပ်ငန်းဖြစ်သည်။ စပါး၊ပဲ၊ပြောင်း၊ဖရဲနနှင့် ငရုတ်တို့ကို စိုက်ပျိုးကြသည်။

လမ်းပန်းဆက်သွယ်ရေး

ဒိုက်ဦးမြို့နှင့် ကူလူးသွားလာရာတွင် ကုန်းလမ်းကိုသာ အသုံးပြုကြသည်။ ၂၀၁၃ခုနှစ်ရှေ့ပိုင်းတွင် မိုးရာသီ ဘိုင်းဒါးချောင်းမှတစ်ဆင့် ရေလမ်းခရီးအသုံးပြုခဲ့ကြရသည်။ ကျေးရွာမှ အနောက်ဘက် ၁ မိုင်ခွဲခန့်အကွာ ဥသျှစ်ကုန်း လမ်းပေါ်သို့ ကျေးရွာများမှ ကိုယ်ထူကိုယ်ထ လမ်းများဖြင့်ဆက်သွယ်၍ လယ်ယာမှထွက်သော သီးနှံများအား မြို့ပေါ်သို့ ကုန်းလမ်းဖြင့်ပို့ဆောင်ကြသည်။

Thumb
ဘိုင်းဒါးချောင်း

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads