ရခိုင်တိုင်းရင်းသားများပါတီ
ရခိုင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ From Wikipedia, the free encyclopedia
Remove ads
ရခိုင်တိုင်းရင်းသားများပါတီ (အင်္ဂလိပ်: Rakhine Nationalities Party, RNP) သည် ၂၀၂၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ပေါ်ပေါက်လာသော ရခိုင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီတစ်ခု ဖြစ်သည်။ ပါတီတည်ထောင်သူနှင့် ဥက္ကဋ္ဌမှာ ကျောက်ဖြူမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဘရှိန် ဖြစ်သည်။
Remove ads
နောက်ခံသမိုင်း
ရခိုင်တိုင်းရင်းသားများပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၄ ရက်နေ့စွဲဖြင့် အတည်ပြုထုတ်ပြန်လိုက်သည်။[၁]
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အလယ်ပိုင်းရပ်ကွက်၊ ဦးဥတ္တမလမ်းတွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားသည့် အဆိုပါပါတီအား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ၎င်းပါတီ၏ မှတ်ပုံတင်နံပါတ်မှာ အမှတ် (၅၈) ဖြစ်သည်ဟုလည်း သိရသည်။[၂]
၂၀၂၅ ခုနှစ် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်ပါတီ ၅ ခုအထိ ရှိလာပြီး၊ ၎င်းတို့မှာ ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီနှင့် ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ဖြစ်ကြသည်။[၃]
Remove ads
ရွေးကောက်ပွဲ ဝင်ပြိုင်မှု
အမျိုးသားလွှတ်တော်
ပြည်သူ့လွှတ်တော်
ပြည်နယ်လွှတ်တော်
တိုင်းရင်းသားရေးရာ ဝန်ကြီးများ
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads