ရွှေကူရွာ၊ ခင်ဦးမြို့နယ်

From Wikipedia, the free encyclopedia

Remove ads

ရွှေကူရွာ (အင်္ဂလိပ်: Shweku)သည် စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ခင်ဦးမြို့နယ်အင်ဒိုင်းကြီးကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၁၄၈၃ ဖြစ်သည်။ []

အချက်တိုများ ရွှေကူတဲစု, ရွှေကူတဲစုရွာ ...

ခင်ဦးမြို့ အနောက်ဘက် ၆ မိုင်ခန့် အကွာတွင် တည်ရှိပြီး ကာဘိုး-ရွှေဘိုတူးမြောင်းနံဘေးတွင် တည်ရှိသည်။ ခင်ဦး - ရေဦး ကားလမ်းပေါ်ရှိ သာဂရရွာမြောက်ဘက် နှစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။ မြောက်ဘက်တွင် ရှင်မင်းတွေရွာ၊အရှေ့မြောက်တွင် အင်တိုင်းကြီးရွာ၊ အနောက်မြောက်တွင် ပျဉ်ထောင်ရွာ နှင့် ကင်းပြစ်ရွာ၊အရှေ့ဘက်တွင် မြစ်တော်ရွာနှင့် တောင်ဘက်တွင် သာဂရရွာ တို့ တည်ရှိသည်။ အိမ်ခြေ ၄၀၀ ခန့်ရှိပြီး လူဦးရေ ၁၅၀၀ ကျော် မှီတင်းနေထိုင်ကြသည်။

Remove ads

ကိုးကွယ်မှု

ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး ဥတ္တရာရာမ ကျောင်းတိုက်နှင့် ဒက္ခိဏရာမ ကျောင်းတိုက်ဟူ၍ ဘုန်းတော်ကြီး ကျောင်း ၂ကျောင်းရှိသည်။ ရွာခံလူများက တောင်ကျောင်းနှင့် မြောက်ကျောင်း ဟု ခေါ်ဆိုကြသည်။

ပညာရေး

ရွာမြောက်ဘက်တွင် အထက်တန်းကျောင်း (ခွဲ) ရှိသည်။ ၇.၅ ဧကခန့် ကျယ်ဝန်းပြီး ပင်မ စာသင်ဆောင် ၃ ဆောင် ရှိသည်။ ဆရာဆရာမ ၂၄ ဦး ခန့်ထားပြီး ကျောင်းသူ ကျောင်းသား ၃၀၀ ကျော် ပညာသင်ကြားလျက်ရှိသည်။ ယခင်က ကလုံ၊ ရှင်မင်းတွေ၊သရက်ကုန်း၊ ကင်းပြစ်၊ ပျဉ်ထောင်၊ မြစ်တော်၊ အင်တိုင်းကြီး အစရှိသည့်ရွာများတွင် မူလတန်းကျောင်းအထိသာ ရှိသောကြောင့် အလယ်တန်းတက်သောအခါ ရွှေကူတဲစုကျောင်းသို့ ပြောင်းရွှေ့တက်ရောက်ရသောကြောင့် ကျောင်းသူ ကျောင်းသား အင်အား အလွန်များပြားခဲ့သည်။

Remove ads

စီးပွားရေး

အဓိက စီးပွားရေးမှာ ဆန်စပါး စိုက်ပျိုးရေးဖြစ်ပြီး ကွမ်းရွက် များလည်း စိုက်ပျိုးသည်။

ကျန်းမာရေး

ကျေးရွာကျန်းမာရေးအတွက် ရွာမြောက်ဘက်တွင် ကျေးလက်ကျန်းမာရေးစင်တာ တခုရှိပြီး ကျန်းမာရေးမှူး တစ်ဦးနှင့် သားဖွားဆရာမ တစ်ဦးရှိသည်။

ထင်ရှားသူများ

ရွှေကူတဲစု ရွာသား သန့်ဇင်ထွန်းသည် လက်ရှိ မြန်မာ့လက်ရွေးစင် ပိုက်ကျော်ခြင်း အားကစားသမား ဖြစ်ပြီး ၂၀၁၉ ဖိလစ်ပိုင်နိုင်ငံ ဆီးဂိမ်းပြိုင်ပွဲအတွက်လည်း ရွေးချယ်ခံထားရသည်။

ရွှေကူတဲစုသူ မအေးအေးသင်းသည်လည်း မြားပစ်လက်ရွေးစင်ဖြစ်ပြီး ယခုအခါ နည်းပြ အဖွဲ့ဝင် အဖြစ် တာဝန်ထမ်း‌‌ဆောင်လျက်ရှိသည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads