ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့

နိုင်ငံများ ပေါင်းစုထားသည့် အဖွဲ့အစည်း From Wikipedia, the free encyclopedia

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့
Remove ads

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Shanghai Cooperation Organisation) အတိုကောက် အက်စီအို (SCO) သည်  တရုတ် နှင့် ရုရှားနိုင်ငံ အပါအဝင် အာရှအလယ်ပိုင်းနိုင်ငံများ ဦးဆောင်ဖွဲ့စည်းထားသည့် နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာ လုံခြုံရေးနှင့် ကာကွယ်ရေး အဖွဲ့အစည်းဖြစ်သည်။[]

အချက်တိုများ အတိုကောက်, ယခင်အဖွဲ့အစည်း ...

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ သည် ကမ္ဘာ့လူဦးရေ၏ ၄၀ရာခိုင်နှုန်း အထိ ရှိကာ ၂၀၂၃ ခုနှစ်စာရင်းအရ ၎င်း၏စုစုပေါင်း GDP သည် ကမ္ဘာ့ GDP ၏ ၃၂ ရာခိုင်နှုန်း ဝန်းကျင်ရှိသည်။ အမြဲတမ်းအဖွဲ့ဝင် ၁၀ နိုင်ငံ၊ လေ့လာသူအဆင့် ၁ နိုင်ငံနှင့် ဆွေးနွေးဖက်နိုင်ငံ ၁၄ နိုင်ငံပါဝင်သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်တွင် ဆွေးနွေးဖက် နိုင်ငံအဖြစ် ပူးပေါင်းပါဝင်ခဲ့သည်။

Remove ads

သမိုင်းကြောင်း

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ၏ မူလအစသည် ၁၉၉၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် ရှန်ဟိုင်း ၅ နိုင်ငံ ဖြစ်သော  တရုတ်ပြည်သူ့သမ္မတနိုင်ငံကာဇက်စတန်ကာဂျစ္စတန်ရုရှားနှင့် တာဂျစ်ကစ္စတန်တို့မှ မြစ်ဖျားခံသည်။၂၀၀၁ ခုနှစ် ဇွန်လ ၁၅ရက် တွင် ထိုနိုင်ငံများနှင့် ဥဇဘက်ကစ္စတန် ခေါင်းဆောင်များသည် နက်ရှိုင်းသော နိုင်ငံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဖြင့် အဖွဲ့အစည်းသစ်တစ်ခုကို ကြေညာရန် ရှန်ဟိုင်းတွင် တွေ့ဆုံခဲ့ကြပြီး အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။SCO အဖွဲ့ဝင်နိုင်ငံများတို့သည် တစ်နှစ်လျှင် တစ်ကြိမ် တွေ့ဆုံကာ ၎င်း၏ အမြင့်ဆုံး ဆုံးဖြတ်ချက်အား ချမှတ်သည်။ယင်းအပြင် ဒေသတွင်းနိုင်ငံများအကြား အိမ်နီးချင်းဆက်ဆံရေး တိုးတက်ကောင်းမွန်ရေး နှင့် ကုန်သွယ်ရေး၊ လုံခြုံရေးကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးအတွက်ပါ စည်းဝေးကြသည်။

Remove ads

အဖွဲ့ဝင်နိုင်ငံများစာရင်း

နောက်ထပ် အချက်အလက်များ နိုင်ငံ, ဝင်ရောက်သည့်နှစ် ...

လေ့လာသူနိုင်ငံများ

နောက်ထပ် အချက်အလက်များ နိုင်ငံ, ဝင်ရောက်သည့်နှစ် ...

ဆွေးနွေးဖက်နိုင်ငံများ

နောက်ထပ် အချက်အလက်များ နိုင်ငံ, သဘောတူလက်ခံသည့်နှစ် ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads