ဝိဒေဟတိုင်း

From Wikipedia, the free encyclopedia

Remove ads

မဟာဂေါဝိန္ဒ ဖန်ဆင်းတည်ထောင်သော ဝိဒေဟတိုင်းကြီးမှာ-

အလယ်ပိုင်း ကာသိတိုင်းဗာရာဏသီမြို့တော်မှ ထောက်စာလျှင် မြောက်ဘက်ကျ သော နယ်ပယ်များ ဖြစ်သင့်သောကြောင့်,

၎င်းတိုင်းနိုင်ငံ အပိုင်းအခြားမှာ အနောက်ဘက်၌ သောဝီရတိုင်း ဂင်္ဂါမြစ်ကမ်း တလျောက် နယ်ပယ်များ ပိုင်းခြားသင့်သည်အပြင်,

အရှေ့တောင်ဘက်မှာ အင်္ဂတိုင်းနှင့် နယ်စပ်ဖြစ်သော ဂင်္ဂါဖြစ်၏ မြောက်ဘက် ကမ်း အစီရဝတီမြစ်ဝှမ်း အရှေ့ မြောက်ယွန်းယွန်း နယ်ပယ်များဖြစ်သင့်၍ မြောက်ဘက်မှာကား ဟိမဝန္တာရောက် နယ်ပယ်များဖြစ်သင့်၏။ ၎င်းတိုင်းကြီးသည် ရှေးဇာတ်တော်, နိပါတ်တော်များတွင် ထင်ရှားသော ဘုန်းတန် ခိုးကြီးမားသော မင်းကြီးများ စိုးစံအုပ်ချုပ်ရာ နိုင်ငံကြီးတစ်ခုဖြစ်၍ မြတ်စွာဘုရား လက်ထက်တော်က ထင်ရှားကျော်ကြားလျက် ဘုရားရှင်လည်း လေးမြင့်ကြာရှည်စွာ သီတင်း သုံးရာဌာန တိုင်းနယ်ကြီးတစ်ခု အဖြစ်ဖြင့် ထင်ရှားလှသောတိုင်းကြီးကား ကောသလတိုင်း ကြီးဖြစ်ရာ ၎င်းတိုင်းမှာ ရှေးအခါက ဝိဒေဟတိုင်းတွင် ပါဝင်သင့်ကြောင်း မှတ်သားအပ်၏။ []

Remove ads

မိထိလာမြို့တော်

၎င်း၏မြို့တော်ကား မဟာဂေါဝိန္ဒပုဏ္ဏားကြီး ဖန်ဆင်းတည်ထောင်စဉ်က မိထိလာ မြို့တော်ဖြစ်သည့်အပြင် များစွာသော ဇာတ်တော်, နိပါတ်တော်တို့တွင်လည်း၎င်းအမည်ဖြင့် ကျော်ကြားထင်ရှားခဲ့၍ အချို့မှတ်တမ်းများ၌ကား မဟာဇနကမင်းကြီး စိုးစံအုပ်ချုပ် ဖူးသော မြို့တော်ဖြစ်သောကြောင့် ဇနကပုရဟူ၍လည်း ခေါ်ဝေါ်ရေးသားကြကုန်၏။ ၎င်းမိထိလာမြို့တော်မှာ ရှေးအခါက ဘုရားလောင်း သူတော်ကောင်း သူတော်မြတ်တို့ စံနေရာဌာန ထင်ရှားလှသော်လည်း မြတ်စွာဘုရား လက်ထက်တော်ကား မင်းနေပြည် မဟုတ်ဘဲ ဗြဟ္မာယုပုဏ္ဏားကြီး စိုးမိုးလျက် နေသော မြို့ကြီးမျှသာ ဝဇ္ဇီတိုင်း၊ ဝေသာလီမြို့တော်ကြီးသာလျှင် ထင်ရှားလျက်ရှိ၏။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads