သစ်ညီနောင်ရွာ၊ ပေါက်မြို့နယ်

From Wikipedia, the free encyclopedia

Remove ads

သစ်ညီနောင်ရွာ (အင်္ဂလိပ်: Thitnyinaung)သည် မကွေးတိုင်းဒေသကြီးပခုက္ကူခရိုင်ပေါက်မြို့နယ်၊ တောင်မြင့်ကျေးရွာအုပ်စု၌ တည်ရှိသည်။[] ရွာနေရာကုတ်မှာ ၁၈၈၈၁၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ တောင်မြင့်ကျေးရွာအုပ်စုတွင် ကျား ၂၁၅၅ ဦး၊ မ ၂၆၅၀ ဦး၊ လူဦးရေ စုစုပေါင်း ၄၈၀၅ ဦးနေထိုင်သည်။ []

အချက်တိုများ သစ်ညီနောင်, သစ်ညီနောင်ရွာ ...

ကျေးရွာတွင် အမျိုးသားညီညွတ်ရေးအစိုးရမှ လည်ပတ်သော စာသင်ကျောင်းတစ်ခုရှိသည်။ ပြည်သူ့ခုခံတော်လှန်စစ် ကာလ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် စစ်ကောင်စီတပ်သားများက ကျေးရွာအတွင်း ဝင်ရောက်ကာ ကျောင်းအုပ်ချုပ်ရေးတွင် ပါဝင်သော ကျောင်းဆရာ စောထွန်းမိုးကို ဖမ်းဆီးကာ အနီးနားရှိ တောင်မြင့်ရွာသို့ ခေါ်ဆောင်သွားခဲ့ပြီး ခေါင်းဖြတ်သတ်ဖြတ်ခဲ့သည်။ အဆိုပါ လူသတ်မှုအား နိုင်ငံတကာမှ ရှုတ်ချခဲ့သည်။[][] ပြည်တွင်းစစ်မတိုင်မီ ၂၀၁၉ ခုနှစ်က ကျေးရွာတွင် အထက်တန်းကျောင်းတစ်ကျောင်းရှိကာ ဆရာဆရာမ ၁၁ ဦးနှင့် ကျောင်းသားကျောင်းသူ ၂၉၅ ဦး တက်ရောက်ခဲ့သည်။[]


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads