သိမ်ကုန်းရွာ၊ ပျော်ဘွယ်မြို့နယ်

From Wikipedia, the free encyclopedia

Remove ads

သိမ်ကုန်းရွာ (အင်္ဂလိပ်: Theinkone)သည် မန္တလေးတိုင်းဒေသကြီးရမည်းသင်းခရိုင်ပျော်ဘွယ်မြို့နယ်သိမ်ကုန်းကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၉၃၀၁၇ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ သိမ်ကုန်းကျေးရွာအုပ်စုတွင် ကျား ၁၅၆၉ ဦး၊ မ ၁၈၁၇ ဦး၊ လူဦးရေ စုစုပေါင်း ၃၃၈၆ ဦးနေထိုင်သည်။ []

အချက်တိုများ သိမ်ကုန်း, သိမ်ကုန်းရွာ ...

သိမ်ကုန်းအုပ်စုသည် ပျော်ဘွယ်မြို့ အရှေ့မြောက်ဘက်(၈)မိုင်ခွဲခန့်အကွာတွင် တည်ရှိပြီး သာစည်မြို့နယ်နှင့် ထိစပ်လျက်ရှိသည်။သိမ်ကုန်းအုပ်စုတွင် ကျေးရွာ(၆)ရွာပါဝင်ပြီး တောင်ဘက်မှစ၍ စပါယ်ကုန်းရွာ၊ သိမ်ကုန်းတောင်ရွာ၊ သိမ်ကုန်းမြောက်ရွာ၊ မဲကုန်းရွာ၊ ရွာသစ်ရွာနှင့် ညောင်ပင်လှရွာတို့ ဖြစ်သည်။

စီးပွားရေးလုပ်ငန်းအဖြစ် မိရိုးဖလာတောင်သူလုပ်ငန်းအပြင် ဆံပင်ရောင်းဝယ်သော လုပ်ငန်းအား လုပ်ကိုင်ကြသည်။ ထို့အပြင် အခြေခံပညာအထက်တန်းကျောင်းလည်း ရှိသည်။ သိမ်ကုန်းရွာရှိထင်ရှားသောဘုရားပုထိုးများမှာ ရှင်အရဟံ သမုခ်ခဲ့သော သိမ်ကိုးသိမ်တွင် နောက်ဆုံး သိမ်ဖြစ်သော သိမ်တော်ကြီးမြတ်စွာဘုရား၊ လေးမျက်နှာအောင်ချမ်းသာရွာလယ်စေတီတော် နှင့် ကမ္ဘာ့ရန်အောင်စေတီတော် တို့ ဖြစ်သည်။

သောက်သုံးရေပေးဝေစနစ်အနေဖြင့် သိမ်တော်ကြီးမြတ်စွာဘုရားအနီးတွင်တည်ရှိသော မြောက်ကန်မှ ရွာတွင်းသို့ ရေပိုက်လိုင်းဖြင့် ဖြန့်ဝေထားသည်။ ရွာဦးဘုန်းတော်ကြီးကျောင်းအနီးတွင်တည်ရှိသော တောင်ကန် သို့မဟုတ် ကျောင်းကန် ကို သိမ်ကုန်းတောင်ရွာနှင့် ဘုန်းကြီးကျောင်းတို့မှ သုံးစွဲသည်။ ထို့အပြင် ရွာအတွင်းနှင့် ရွာပတ်ဝန်းကျင်တွင် ရေလျှံတွင်းများရှိပြီး ပိုက်လိုင်းများဖြင့် သွယ်သန်းအသုံးပြုကြသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads