ဟိုလိပ်ရွာ၊ ပြင်ဦးလွင်မြို့နယ်
From Wikipedia, the free encyclopedia
Remove ads
ဟိုလိပ်ကျေးရွာ (အင်္ဂလိပ်: Holeik)သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်၊ ဟိုလိပ်ကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၈၉၈၆၄ ဖြစ်သည်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ဟိုလိပ်ကျေးရွာအုပ်စုတွင် ကျား ၁၆၁၁ ဦး၊ မ ၁၅၈၉ ဦး၊ လူဦးရေ စုစုပေါင်း ၃၂၀၀ ဦးနေထိုင်သည်။ [၁]
Remove ads
စီးပွားရေး
အဓိကစီးပွားရေးမှာ စိုက်ပျိုးရေးဖြစ်သည်။ စပါး၊ပြောင်းဖူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အသီးအရွက်စိုက်ပျိုးကြသည်။
လမ်းပန်းဆက်သွယ်ရေး
ပြင်ဦးလွင်မြို့မှ ဟိုလိပ်ရွာသို့ အချိန်မရွေး သွားလာနိုင်သည်။ ကျေးရွာချင်းဆက်လမ်းများမှာ ကတ္တရာလမ်းတဝက်၊ ကျောက်သားလမ်းတဝက်ဖြစ်သည်။ နယ်မြေလုံခြုံအေးချမ်းပြီး၊ ပြင်ဦးလွင်မှ မိနစ်ငါးဆယ်ခန့် မောင်းနှင်ရသည်။
၂၀၂၀ ခုနှစ် စက်တင်ဘာလတွင် နိုင်ငံတော်မဟာဓာတ်အားလိုင်းမှ ကျေးရွာအတွက် လျှပ်စစ်မီးရရှိသည်။
ကျန်းမာရေးဝန်ဆောင်မှုများ
ဟိုလိပ်ရွာသည် ကျေးရွာအုပ်စုဖြစ်သောကြောင့် ကျေးလက်ကျန်းမာရေးဌာနတစ်ခုရှိသည်။ ကျေးရွာအုပ်စုအဆင့်ဖြစ်သောကြောင့် ကျန်းမာဆေးမှူးအဆင့်၊ လက်ထောက်သူနာပြုများ ခန့်အပ်ထားသော ကျန်းမာရေးဌာနဖြစ်သည်။
ပါဝင်သော ကျေးရွာ ငယ်များ
ဟိုလိပ်သည် ကျေးရွာအုပ်စုဖြစ်ပြီး ကျိုင်းတောင်းရွာ၊ ဟိုလိပ်ရွာ၊ နားကူရွာ၊ ဘန်းသာရွာ၊ သရက်ချောင်ရွာ၊ ပြင်ကြီးရွာ တို့ ပါဝင်သည်။
ဒေသ သဘာဝ
တောင်ဘက်နယ်မြေအဆုံးတွင် ဒုဋ္ဌဝတီမြစ်ရှိပြီး၊နယ်မြေ ၂ နှင့် ထိစပ်နေသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads