အက်ဆစ် (ဂီတအဖွဲ့)
From Wikipedia, the free encyclopedia
Remove ads
အက်ဆစ် ( အင်္ဂလိပ်: ACID ) သည် မြန်မာ ဟစ်ဟော့အဖွဲ့ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပထမဆုံး ဟစ်ဟော့တေးစီးရီးဟု သတ်မှတ်ကြသည့် စတင်ခြင်း ကို ၂၀၀၀ ပြည့်တွင် ထုတ်ဝေသည်။
Remove ads
စုဖွဲ့ဖြစ်ပုံ
၁၉၉၀ နှောင်းပိုင်းကာလများသည် ပြန်ဆိုတေးနှင့် မြန်မာသံစဉ်များ မင်းမူနေသည့် ကာလဖြစ်ရာ ဂီတအမျိုးအစားသစ်ကို ပရိသတ်ကြား ပျံ့နှံ့ရန် ဦးစွာအားထုတ်ခြင်းမပြုဘဲ တေးစီးရီးအဖြစ် တိုက်ရိုက်ထွက်ရှိလာခြင်းကြောင့် ဆုံးရှုံးမှုသာ ဖြစ်လိမ့်မည်ဟု ဂီတလောကသားများက ခန့်မှန်းကြသည်။ သို့သော်လည်း စထွက်ချိန်မှ ၂ လအကြာအထိ ရောင်းအားအကောင်းဆုံးစာရင်းတွင် ထိပ်ဆုံးမှ နေရာယူခဲ့သည်။ [၁]
အဖွဲ့ဝင်များ ဆုံးရှုံးခြင်း
၂၀၀၆ ခုတွင် ဟိန်းဇော် (၁၉၈၁ ဇွန် ၁၂ - ၂၀၀၆ ဧပြီ ၁၀) ကွယ်လွန်သည်။
ဒီမိုကရေစီ အကြိုလှုပ်ရှားမှုများတွင် ပါဝင်ခြင်းကြောင့် ဇေယျာသော် (၁၉၈၁ မတ် ၂၆ မွေး) ကို ၂၀၀၈ ခု၊ မတ်လ ၁၂ ရက်တွင် အစိုးရက ထိန်းသိမ်းလိုက်သည်။ [၂] နိုဝင်ဘာ၌ အမိန့်ချမှတ်ရာ တရားမဝင်အသင်းအဖွဲ့များ ဖွဲ့စည်းသည့် ပုဒ်မဖြင့် ထောင်ဒဏ် (၅) နှစ် ချမှတ်ခံရသည်။ [၃] ဖမ်းဆီးချိန်တွင် ထိုင်းဘတ်ငွေ၊ မလေးရှားရင်းဂစ်နှင့် စင်္ကာပူဒေါ်လာများ လက်ဝယ်ရှိသဖြင့် နိုင်ငံခြားငွေ တရားမဝင်ကိုင်ဆောင်မှုနှင့် ထပ်တိုးထောင်ဒဏ်များ တပ်ကာ ကော့သောင်းထောင်သို့ ပို့သည်။ ၂၀၁၁ ခု၊ မေလ ၁၇ ရက် ရောက်မှသာ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် ပြန်ထွက်လာနိုင်သည်။ [၄]
၂၀၀၈ ခု၊ ဧပြီလမှာ ရန်ရန်ချမ်း (၁၉၇၉ ဒီဇင်ဘာ ၅ မွေး) အလှည့် ဖြစ်သည်။ [၅] ရန်ရန်ချမ်းအား စွဲဆိုသည့်ပြစ်မှုမှာ မူးယစ်ဆေးကိစ္စ ဖြစ်သည်။ တစ်နှစ်ခန့် ထိန်းသိမ်းပြီးနောက် ၂၀၀၉ ခု၊ ဇန်နဝါရီလ ၇ ရက်တွင် လွတ်မြောက်လာသည်။ [၆]
၂၀၂၂ ခု၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် ဇေယျာသော် အား အာဏာလုအစိုးရမှ ဦးကျော်မင်းယု (ခ) ဦးဂျင်မီ၊ ဦးအောင်သူရဇော် နဲ့ ဦးလှမျိုးအောင်တို့ကို ကြိုးမိန့် (သေဒဏ်) ပေးကြောင်း နိုင်ငံပိုင်သတင်းစာတွေမှ တစ်ဆင့် သတင်းထုတ်ပြန်ခဲ့ပါသည်။ [၇]
Remove ads
အဖွဲ့ဝင်များ
- အနဂ္ဂ (Smoke Acid)
- ဟိန်းဇော် (Acidic Acid) (၂၀၀၀ - ၂၀၀၆ ကွယ်လွန်)
- ရန်ရန်ချမ်း (Black Acid)
- ဇေယျာသော် (Nitric Acid) (၂၀၀၀ - ၂၀၁၁) (၂၀၂၂ ကွယ်လွန်)
တေးစီးရီးများ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads