အန်ဆဲလ်ဒပ်စ် (ဂြိုဟ်ရံလ)

From Wikipedia, the free encyclopedia

အန်ဆဲလ်ဒပ်စ် (ဂြိုဟ်ရံလ)
Remove ads

အန်ဆဲလ်ဒပ်စ် (အင်္ဂလိပ်: Enceladus) သည် စနေဂြိုဟ်၏ ဆဌမမြောက် အကြီးဆုံး ဂြိုဟ်ရံလဖြစ်ပြီး အချင်းအားဖြင့် ၅၀၀ ကီလိုမီတာရှိကာ[] စနေဂြိုဟ်၏ အကြီးဆုံးလဖြစ်သော တိုက်တန်၏ ၁၀ ပုံ ၁ ပုံခန့်ရှိသည်။ အန်ဆဲလ်ဒပ်စ်၏ အများစုကို ကြည်လင်သောရေခဲများဖြင့် ဖုံးလွှမ်းထားပြီး နေအဖွဲ့အစည်း၌ ရောင်ပြန်ဟပ်အကောင်းဆုံး ကိုယ်ထည်တစ်ခုဖြစ်သည်။ အကျိုးဆက်အားဖြင့် မွန်းတည့်ချိန်တွင် မျက်နှာပြင်အပူချိန်မှာ အနုတ် ၁၉၈ ဒီဂရီ ဆယ်ဆီးယပ် ရှိလေသည်။ ကိုယ်ထည် သေးငယ်သော်လည်း အန်ဆဲလ်ဒပ်စ်သည် လွန်ခဲ့သော နှစ်သိန်းပေါင်း ၁၀၀ ခန့်က ဖွဲ့တည်ခဲ့သည့် မီးတောင်ဝများ တည်ရှိသည်။

အချက်တိုများ ရှာဖွေတွေ့ရှိခြင်း, ရှာဖွေတွေ့ရှိခဲ့သူ ...

အန်ဆဲလ်ဒပ်စ်ကို ၁၇၈၉ ဩဂုတ်လ ၂၈ ရက်တွင် ဝီလီယံ ဟာရှယ်က ရှာဖွေတွေ့ရှိခဲ့သည်။[][၁၅][၁၆] သို့သော် ဗွိုင်ယေဂျာ ၁ နှင့် ဗွိုင်ယေဂျာ ၂ အာကာသယာဉ်များ ၁၉၈၀ ခုနှစ်များတွင် စနေဂြိုဟ်သို့ ဖြတ်ပျံသည့်အချိန်မတိုင်ခင်ထိ အသေးစိတ် မသိခဲ့ရပေ။ ၂၀၀၅ ခုနှစ်တွင် ကာစီနီ-ဟိုင်ဂျင် အာကာသယာဉ်မှ အန်ဆဲလ်ဒပ်စ်အနီးသို့ အကြိမ်များစွာ ဖြတ်ပျံသန်းရာ ယင်း၏ မျက်နှာပြင်နှင့် ပတ်ဝန်းကျင်များကို အသေးစိပ်ကျကျ ဖော်ထုတ်ခဲ့သည်။

Remove ads

မှတ်စု

  1. Photograph of Enceladus, taken by the narrow-angle camera of the Imaging Science Subsystem (ISS) aboard Cassini, during the spacecraft’s October 28, 2015 flyby. It shows the younger terrain of Sarandib and Diyar Planitia, populated with many grooves (sulci) and depressions (fossae). Older, cratered terrain can be seen towards Enceladus's north pole. The prominent feature visible near the south pole is Cashmere Sulci.
  2. Used with roughly equal frequency
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads