အမျိုးသားအားကစားပွဲတော် (မြန်မာနိုင်ငံ)

From Wikipedia, the free encyclopedia

Remove ads

အမျိုးသားအားကစားပွဲတော်သည် မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများမှ အားကစားအသင်းများ၊ တိုင်းနှင့် ပြည်နယ်များမှ အားကစားအသင်းများ ပါဝင်ယှဉ်ပြိုင်ကြသည့် အမျိုးသားအဆင့် အားကစားပွဲတော်ဖြစ်သည်။၁၉၉၂၊ ၁၉၉၄၊ ၁၉၉၇နှင့် ၂၀၁၅ခုနှစ်များတွင် ကျင်းပနိုင်ခဲ့သည်။ အမျိုးသားအားကစားပွဲတော်နှင့်အတူ အမျိုးသားအဆင့် ကျောင်းသားအားကစားပွဲတော်များကိုလည်း ကျင်းပခဲ့သည်။[]

အချက်တိုများ ပထမအကြိမ်, Occur every ...
Remove ads

သမိုင်းကြောင်း

ပထမဆုံးသော အမျိုးသားအားကစားပွဲတော်ကို ၁၉၉၂ခုနှစ်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ မူလက ၂နှစ်လျှင်တစ်ကြိမ် ကျင်းပရန် ရည်ရွယ်ခဲ့သော်လည်း အခက်အခဲများကြောင့် မကျင်းပနိုင်ခဲ့ပေ။၁၉၉၇ခုနှစ် နဝတအစိုးရလက်ထက်တွင် တတိယအကြိမ်ကျင်းပခဲ့ပြီး ၂၀၁၅ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်တွင်မှ ပြန်လည်ကျင်းပနိုင်ခဲ့သည်။ သို့သော် ထိုနောက်ပိုင်းတွင် ပြန်လည်ကျင်းပနိုင်ခြင်းမရှိသေးပေ။

Thumb
၁၉၉၂၊ ၁၉၉၄ နှင့် ၁၉၉၇ ပွဲ​တော်များတွင် ချီးမြှင့်ခဲ့​သော ဆုတံဆိပ်များ

ရည်ရွယ်ချက်များ

  • မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းစေရမည်ဟူသော ရည်ရွယ်ချက်ကို အမျိုးသားရေးလှုပ်ရှားမှုဖြင့် ဆောင်ရွက်နိုင်ရန်၊
  • အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်ဟု ခံယူတတ်လာစေရန်၊
  • အားကစားဆောင်ရွက်ရာတွင် မျိုးချစ်စိတ်ဓာတ်၊ ဇာတိသွေးဇာတိမာန် ရှင်သန်လာစေရေးအတွက် ဦးတည်လာစေရန်၊
  • ထက်မြက်ထူးချွန်သော အားကစားသမားမျိုးဆက်သစ်များ ပေါ်ထွက်လာပြီး ကမ္ဘာ့အဆင့်အထိ တက်လှမ်းလာစေရန်၊
  • မြန်မာ့အားကစားအဆင့်အတန်း မြင့်မားစေရေးအတွက် တစ်နိုင်ငံလုံးမှ ပါဝင်လှုပ်ရှားပြီး တက်ကြွစွာ အားပေးချီးမြှောက်မှုများ ပြုလုပ်လာစေရန်၊
  • ခေတ်မီတိုးတက်သော အားကစားနည်းစနစ်သစ်များဖြင့် လေ့ကျင့်ပျိုးထောင်ထားသော အားကစားထူးချွန်သူများ ပေါ်ထွန်းရေးအတွက် တက်ကြွစွာ ပါဝင်ဆောင်ရွက်လာစေရန်၊
  • အနယ်နယ်အရပ်ရပ်တွင် ပျံ့နှံ့နေသည့် ထူးချွန်သောအားကစားသမားအချင်းချင်း ပိုမိုရင်းနှီးမှုရရှိကာ ပြည်ထောင်စုစိတ်ဓာတ် ပြင်းထန်လာစေရန်၊
Remove ads

ပွဲတော်များ

ကျင်းပရာမြို့များ
နောက်ထပ် အချက်အလက်များ ပွဲတော်, ခုနှစ် ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads