၂၀၂၄ အမျိုးသားအားကစားပွဲတော်
From Wikipedia, the free encyclopedia
Remove ads
၂၀၂၄ အမျိုးသားအားကစားပွဲတော်သည် နေပြည်တော်မြို့တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်မှ ၂၀ ရက်နေ့အထိ ကျင်းပခဲ့သော ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဖြစ်သည်။
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
ပြည်ထောင်စုနယ်မြေ ၁ ခု၊ ပြည်နယ်နှင့်တိုင်း ၁၄ ခု နှင့် ဝန်ကြီးဌာနအသီးသီး တို့မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ယခုပြိုင်ပွဲသည် ၂၀၁၅ တွင် ကျင်းပခဲ့သော စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော် ပြီးနောက် တဖန်ပြန်လည်ကျင်းပသော ပြိုင်ပွဲဖြစ်သည်။
Remove ads
ပြိုင်ပွဲကျင်းပခြင်း
ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် အမျိုးသားအားကစားပွဲတော်များမှာ ၁၉၉၂၊ ၁၉၉၄၊ ၁၉၉၇ ခုနှစ်တို့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ ထိုနောက် စတုတ္ထအကြိမ် အမျိုးသားအားကစားပြိုင်ပွဲ ကို ၁၈နှစ်အကြာ ၂၀၁၅ ခုနှစ်တွင်မှ ပြန်လည်ကျင်းပနိုင်ခဲ့သည်။ ယခု ၂၀၂၄ အမျိုးသားအားကစားပွဲတော်သည် ပဉ္စမအကြိမ်မြောက် ထပ်မံကျင်းပသောပြိုင်ပွဲဖြစ်သည်။
ပွဲများနှင့်အားကစား
ပါဝင်သော အားကစားနည်းများ
၂၀၂၄ အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအဆင့်၌ အားကစားနည်း ၆မျိုး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်၌ အားကစားနည်း ၃၂မျိုး နှင့် မသန်စွမ်းအားကစားနည်း ၄မျိုး စုစုပေါင်း အားကစားနည်း ၄၂မျိုး ထည့်သွင်းကျင်းပခဲ့သည်။
ပါဝင်သည့်အသင်းများ
၂၀၂၄ အမျိုးသားအားကစားပွဲတော် တွင် ပြည်ထောင်စုနယ်မြေ ၁ခု၊ ပြည်နယ်နှင့်တိုင်း ၁၄ခု နှင့် ဝန်ကြီးဌာန ၃၅ခု တို့မှဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
Remove ads
ဆုတံဆိပ်ဇယား
- Key
* အိမ်ရှင်
- Key
* အိမ်ရှင်
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads