ဉာဏ်ထွန်း

မြန်မာနိုင်ငံရေးသမားနှင့် စစ်မှုထမ်းဟောင်း From Wikipedia, the free encyclopedia

ဉာဏ်ထွန်း
Remove ads

သရေစည်သူ ဦးဉာဏ်ထွန်း သည် မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ တစ်ဦးအဖြစ် ၂၀၁၂ ဩဂုတ် မှ ၂၀၁၆ မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ သီဟသူရ တင်အောင်မြင့်ဦး နုတ်ထွက်သွားပြီးနောက် လစ်လပ်လျက်ရှိသည့် ဒုသမ္မတနေရာကို ၂၀၁၂ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်းအား ပြည်ထောင်စုလွှတ်တော်မှ ဒုတိယသမ္မတအဖြစ် ခန့်အပ်ခဲ့သည်။

အချက်တိုများ သရေစည်သူ၊ ဦး ဉာဏ်ထွန်း, ဒုတိယသမ္မတ-၂ ...
Remove ads

အစောပိုင်းဘဝ

ဖခင် ဒုတိယတောအုပ် (သစ်တော) ဦးစိန်မောင်နှင့် မိခင်မူလတန်းပြဆရာမ ဒေါ်သိန်းတင်တို့က ၁၉၅၄ ခုနှစ်၊ ဇန်နဝါ ရီ (၁၂) ရက်တွင် ပဲခူးတိုင်း၊ သာယာ၀တီ ခရိုင်၊ ဇီးကုန်းမြို့၊ ဂုံးလမ်း(သံပရာကုန်း လမ်း)၌ မွေးဖွားသည်။ ဂုံးလမ်းအစိုးရ မူလတန်းကျောင်းနှင့် ဇီးကုန်းမြို့ အစိုးရအထက်တန်းကျောင်းတို့တွင် ပညာသင် ယူပြီး ၁၉၇၀ ပြည့်နှစ်တွင် အခြေခံပညာအထက်တန်းစာမေးပွဲအောင်မြင်ခဲ့သည်။

ပညာရေး

၁၉၇၁ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ် စဉ် (၁၆)သို့တက်ရောက်ခဲ့ပြီး သိပ္ပံဘွဲ့ရ ရှိခဲ့သည်။၁၉၈၃ ခုနှစ်တွင် အထက်တန်းရှေ့ နေ Higher Grade Pleader (H.G.P) စာမေးပွဲကိုလည်းကောင်း၊ ၁၉၈၄ ခုနှစ် တွင် မှတ်ပုံတင်ရှေ့နေ Register Lawyer (R.L) စာမေးပွဲကိုလည်းကောင်း၊ဖြေ ဆိုအောင်မြင်ခဲ့သည်။

၁၉၈၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု တက္ကဆပ်ပြည်နယ် Lackland Ariforce Base & Sd Defence Language Institute တွင် English Language Courseကိုလည်းကောင်း Rhode Isiand ပြည်နယ် Newport မြို့ရှိ Naval Education and Training Center (NETC) တွင် International Officer Candidate Couse ကိုလည်းကောင်း တက်ရောက်အောင်မြင်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သို့ တက်ရောက်ခဲ့ ပြီးမဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေးပညာ) M.A (Defence Studies) ရရှိခဲ့သည်။

Remove ads

စစ်မှုထမ်းခြင်း

၁၉၇၄ ခုနှစ်တွင် တပ်မတော် (ရေ) ပြန်တမ်းဝင်အရာရှိ ဒုတိယဗိုလ်အဖြစ်ခန့် အပ်ခြင်းခံခဲ့ရသည်။ ၁၉၇၅ ခုနှစ်မှ ၂၀၀၄ ခုနှစ်ထိ တပ်မတော် (ရေ) စစ်ရေယာဉ်စုများရှိ စစ်ရေယာဉ်အမျိုးအစား အမျိုးမျိုးတွင် ဒုတိယစစ်ရေယာဉ်မှူး စစ်ရေယာဉ်မှူးအဖြစ် လည်းကောင်း၊ ရေတပ်လေ့ကျင့်ရေးကျောင်းသင်တန်း ဌာနများတွင် သင်တန်းနည်းပြအရာရှိ အဖြစ်လည်းကောင်း၊ ကုန်းမြေအခြေစိုက် တပ် ရေတပ်ရှေ့တန်းစခန်းရေတပ်အခြေ စိုက်စခန်းနှင့် ရေတပ်စခန်းဌာနချုပ်များ တွင် တပ်မှူး၊ စခန်းမှူး၊ စစ်ဦးစီးအရာရှိ၊ ဒုတိယဌာနချုပ်မှူး၊ ခေတ္တဌာနချုပ်မှူး အဖြစ်လည်းကောင်းတာဝန်ထမ်းဆောင် ခဲ့သည်။

၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ကာကွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) တွင် စစ်ဦးစီးအရာရှိ ချုပ် (ရေ) တာဝန်များကိုထမ်းဆောင်ခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ် (ရေ)အဖြစ် ၂၀၀၈ ခုနှစ်၊ ဇွန်လတွင် စတင်တာဝန် ထမ်းဆောင်ခဲ့သည်။ ဇနီးဖြစ်သူ ဒေါ်ခင်အေးမြင့်သည် B.A (Philosophy) ဘွဲ့ရရှိခဲ့ပြီး တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့တွင် ဗိုလ်မှူးအဆင့် အထိ တာဝန်ထမ်းဆောင်ခဲ့ကာအငြိမ်း စားယူခဲ့သည်။ သားနှစ်ယောက်နှင့် သမီးတစ်ယောက်ထွန်းကားခဲ့သည်။ သားကြီးဖြစ်သူ ဒေါက်တာဖေသက်ဇော် (M.B.B.S) နှင့် သမီးဖြစ်သူဒေါက်တာ သွယ်နီဉာဏ်ထွန်း (M.B.B.S) တို့သည် ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသန ဦးစီးဌာနတွင် သုတေသနအရာရှိများအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပြီး သားငယ် မောင်လင်းထက်ဉာဏ်ထွန်းသည် အမျိုးသား စီမံခန့်ခွဲမှုပညာကောလိပ် (National Management College) မှ B.B.M ဘွဲ့ရ ရှိခဲ့သည်။ []

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads