ဥရောပ အာကာသ အေဂျင်စီ

From Wikipedia, the free encyclopedia

ဥရောပ အာကာသ အေဂျင်စီmap
Remove ads

ဥရောပ အာကာသ အေဂျင်စီ (ESA; ပြင်သစ်: Agence spatiale européenne, ASE) သည် အာကာသစူးစမ်းလေ့လာရေးအတွက် ရည်ရွယ်ပြီး ဖွဲ့စည်းထားသော နိုင်ငံတကာ အဖွဲ့အစည်းဖြစ်ကာ ၁၉၇၅ ခုနှစ်တွင် အဖွဲ့ဝင် ၂၂ နိုင်ငံဖြင့် ဖွဲ့စည်းခဲ့သည်။ ဌာနချုပ်သည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် တည်ရှိပြီး ဝန်ထမ်းအင်အား ၂၀၀၀ ရှိပြီး[] နှစ်စဉ် ဘက်ဂျက်ကုန်ကျငွေမှာ €၅.၂၅ ဘီလီယံ / US$၅.၇၇ ဘီလီယံ (၂၀၁၆) ဖြစ်သည်။

အချက်တိုများ အတိုကောက်, ပိုင်ဆိုင်သူ ...
Thumb
ဂျာမနီနိုင်ငံ၊ ဒါမက်စတပ်မှ ESA Mission Control
Thumb
ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှ ESA ဌာနချုပ်

ESA ၏ အာကာသပျံသန်းရေး စီမံကိန်းတွင် လူသားများလိုက်ပါခြင်းစီမံကိန်း ပါဝင်ပြီး ပင်မရည်ရွယ်ချက်မှာ နိုင်ငံတကာ အာကာသ စခန်းသို့ ပူးပေါင်းပါဝင်ခြင်း ဖြစ်သည်။ လူသားမဲ့ အာကာသယာဉ်များ စေလွှတ်ခြင်းများမှာ လကမ္ဘာ၊ ကမ္ဘာမြေစူးစမ်းရေး၊ သိပ္ပံနှင့်ဆက်သွယ်ရေးနည်းပညာ၊ ယာဉ်များအား ဒီဇိုင်းဆွဲပစ်လွှတ်တင်ခြင်း၊ အာကာသယာဉ်များအား ပြုပြင်ထိန်းသိမ်းခြင်းများ ဖြစ်သည်။ အဖွဲ့အစည်း၏ အောက်ပါ သုတေသန ၅ ချက်ကို ဆောင်ရွက်လျက်ရှိသည်။


  • ESA ၏ သိပ္ပံ စီမံကိန်းများအား နယ်သာလန်နိုင်ငံတွင် အခြေစိုက်သည်။
  • ကမ္ဘာမြေ လေ့လာစောင့်ကြည့်ရေး စီမံကိန်းအား အီတလီနိုင်ငံတွင် အခြေစိုက်သည်။
  • ESA စီမံကိန်း ထိန်းချုပ်စခန်းမှာ ဂျာမနီနိုင်ငံတွင် ဖြစ်သည်။
  • ဥရောပ အာကာသယာဉ်မှူးများစခန်းကိုမူ ဂျာမနီနိုင်ငံ ကိုလိုဂျိန်မြို့တွင် တည်ရှိပြီး
  • ဥရောပ အာကာသ နက္ခတ္တအသင်း (ESAC) သည် စပိန်နိုင်ငံတွင် တည်ရှိသည်။


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads