From Wikipedia, the free encyclopedia
လူနှင့် ပုံပန်းအနီးစပ်ဆုံး သတ္တဝါများဖြစ်သော မျောက်ဝံမျိုး အားလုံးထဲ၌ အာဖရိကတိုက်ရှိ ချင်ပန်ဇီခေါ် မျောက်ဝံတစ်မျိုးမှာ လူသိအများဆုံးဖြစ်သည်။ ကမ္ဘာတဝှမ်းလုံးရှိ တိရစ္ဆာန်ရုံအသီးသီး၌ ချင်ပန်ဇီမျောက်ဝံများကို မလွဲတမ်းတွေ့နိုင်သည်။ ကမ္ဘာအနှံ့ကျော်ကြား၍ လူသိများရခြင်းမှာ အခြားကြောင့်မဟုတ်၊ ချင်ပန်ဇီမျောက်ဝံတို့သည် မျောက်ဝံမျိုးအားလုံးထဲတွင် ဉာဏ်အကောင်းဆုံးနှင့် ယဉ်ပါးလွယ်ဆုံးဖြစ်သောကြောင့်တည်း။ ယင်းတို့သည် ဂေါ်ရီးလားမျောက်ဝံကြီးများကဲ့သို့ ကြမ်းကြုတ်ခက်ထန်ခြင်း မရှိဘဲ စိတ်သဘောကောင်း၍ တောထဲ မြေပြင်တွင်ဖြစ်စေ၊ သစ်ပင်ပေါ်တွင်ဖြစ်စေ အစုအအုပ်လိုက် လှည့်လည်သွားလာ စားသောက်လေ့ရှိကြသည်။ ယေဘူယျအားဖြင့် တစ်အုပ်ထဲ၌ ပါဝင်သောအကောင်များသည် တစ်ကောင်နှင့်တစ်ကောင် သင့်မြတ်ကြ၏။ သို့သော် အခြားအုပ်နှင့်တွေ့လျှင် အုပ်နှင့်ချီ၍ ရန်ပွဲကြီးများဖြစ်တတ်သည်။ တောထဲ၌ အစားအစာရှားပါးလာလျှင် လူနေရပ်ရွာများထဲသို့ ရဲတင်းစွာ ချဉ်းကပ်၍ လူတို့ စိုက်ပျိုးထားသော လယ်ယာစိုက်ခင်းများကို အုပ်လိုက် စားသောက်ဖျက်ဆီးလေ့ရှိ၏။ ထိုအချိန်မျိုးတွင် အနီးအပါး၌ မျောက်ဝံ ၁ ကောင် ၂ ကောင်ကို အစောင့်ချထားလေ့ရှိပြီးလျှင် ခြံရှင်/ခြံစောင့်များ ထွက်လာခဲ့သော် အစောင့်ကျသော မျောက်ဝံများက သံကုန်အော်၍ အချက်ပေးတတ်ကြလေသည်။
ချင်ပန်ဇီမျောက်ဝံ Chimpanzee[1] | |
---|---|
P. t. schweinfurthii in Kibale National Park, Uganda | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Mammalia |
မျိုးစဉ်: | Primates |
မျိုးစဉ်သေး: | Haplorhini |
Infraorder: | Simiiformes |
မျိုးရင်း: | Hominidae |
မျိုးရင်းသေး: | Homininae |
မျိုးဇာတ်: | Hominini |
မျိုးဇာတ်သေး: | Panina |
မျိုးစု: | Pan |
မျိုးစိတ်: | P. troglodytes |
ဒွိနာမ | |
Pan troglodytes (Blumenbach, 1775) | |
မျိုးစိတ်ခွဲများ | |
| |
Distribution of subspecies
| |
Synonyms | |
|
ချင်ပန်ဇီမျောက်ဝံမျိုးကို လူသာမန်တို့ကသာ ဂရုစိုက် စိတ်ဝင်စားကြသည်မဟုတ်။ သိပ္ပံပညာရှင်များကလည်း လူတို့၏ အီဗော်လျူရှင်းခေါ် ဆင့်ကဲဖြစ်လာခြင်းကိစ္စနှင့်စပ်လျဉ်း၍ စိတ်ဝင်စားစွာလေ့လာခဲ့ကြသည်။ ပါဏဗေဒ ဝေါဟာရအားဖြင့် ချင်ပန်ဇီကို ‘အန်သရိုပိုပစ်သီကပ် ထရော့ ဂလိုဒိုက်တီ’ ဟု ခေါ်၍ “ဂူနေလူဝံမျိုး” ဟု အဓိပ္ပာယ်ရသည်။ အခြားအခြားသော တိရစ္ဆာန်အမျိုးမျိုးနှင့်နှိုင်းစာလျှင် ချင်ပန်ဇီမျောက်ဝံတွင် လူတို့၏စိတ်နှင့်အနီးစပ်ဆုံးသော စိတ်ရှိသည်ကို တွေ့ရသည်။
ချင်ပန်ဇီမျောက်ဝံတို့၏ ဇာတိနေရပ်မှာ အာဖရိကတိုက် အပူပိုင်းဒေသ၏ အနောက်ဘက်နှင့် အလယ်ပိုင်းရှိ တောနက်ကြီးများဖြစ်၏။ ချင်ပန်ဇီမျောက်ဝံတို့သည် ညဖက်အိပ်ချိန်ရောက်လျှင် များသောအားဖြင့် ကြောက်မက်ဖွယ်ကောင်းအောင် အုပ်လိုက် သံပြိုင်အော်မြည်ပြီးမှ အိပ်ရာဝင်လေ့ရှိသည်။ ဤကဲ့သို့အော်မြည်ပြီး၍ အိပ်ကြသောအခါ ချင်ပန်ဇီမျောက်ဝံ အမများသည် သားငယ်သမီးငယ်များနှင့်အတူတကွ အိပ်စက်ကြသည်။ ဖခင်ဖြစ်သော ချင်ပန်ဇီမျောက်ဝံ အထီးများကမူ ယင်းတို့အောက်နားရှိ သစ်ကိုင်းပေါ်တွင် သစ်ပင်ကိုမှီ၍ သတိနှင့် အိပ်ယင်း ကျန်မိသားစုတို့အား ကာကွယ်စောင့်ရှောက်သည်။
တောတွင်းတိရစ္ဆာန်ရိုင်းကြီးတို့သည် ချင်ပန်ဇီမျောက်ဝံအုပ်ကြီးများကို ရုတ်တရက် ရန်စခဲကြသည်။ အဘယ်ကြောင့်ဆိုသော် ချင်ပန်ဇီမျောက်ဝံတို့သည် အလွန်သန်စွမ်းပြီးလျှင် ခြေလက်၊ သွား၊ အစွယ်တို့ဖြင့် ကြမ်းတမ်းစွာ ခုခံတတ်သောကြောင့်ဖြစ်၏။ ချင်ပန်ဇီမျောက်ဝံတို့အဖို့ အဓိကရန်သူမှာ ကျားသစ်ဖြစ်၏။ သို့သော် ကျားသစ်များပင်လျှင် ချင်ပန်ဇီမျောက်ဝံတို့၏ လက်ချက်ကြောင့် မကြာခဏသေကြေကြရသည်။
ချင်ပန်ဇီမျောက်ဝံသည် ဂေါ်ရီးလားမျောက်ဝံလောက် မကြီးချေ။ သို့သော် အရွယ်ရောက်ပြီးသော ချင်ပန်ဇီမျောက်ဝံ အချို့မှာ ၄ ပေကျော်ကျော်အထိမြင့်နိုင်သည်။ ဂေါ်ရီလားမျောက်ဝံကဲ့သို့ ချင်ပန်ဇီမျောက်ဝံ၌ အမြီးမရှိချေ။
ချင်ပန်ဇီမျောက်ဝံနှင့် စပ်လျဉ်း၍ မှတ်သားဖွယ်ကောင်းသော အချက်တစ်ချက်မှာ၊ ချင်ပန်ဇီမျောက်ဝံသည် များသောအားဖြင့် အခြားမျောက်ဝံမျိုးတို့ကဲ့သို့ ကိုယ်ကိုမတ်မတ်ထား၍ လမ်းလျှောက်သွားလာလေ့ရှိသော်လည်း သူ၏ ခြေလက်အင်္ဂါတို့မှာ အခြားမျောက်ဝံမျိုးတို့လောက် လူနှင့် နီးစပ်ခြင်းမရှိချေ။[5]
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.